Friday, 18 October 2013

ယာဉ်ကြောပိတ်ဆို့မှုကို ကားပျံဖြင့် ကျော်လွှားနိုင်တော့မည်


ယခင်နှစ်များကတည်းက ပညာရှင် အင်ဂျင်နီယာများ  စမ်းသပ်တည် ဆောက်မှုများရှိနေပြီး မီဒီယာများတွင် သတင်းများ မကြာခဏထွက်ပေါ်နေ သည်။  လာမည့်   ၂၀၁၅ ခုနှစ်တွင်    အမှန်ပင်ဝယ်ယူစီးနင်းနိုင်တော့ မည့် မော်တော် ကားပျံကို   နည်းပညာ စာမျက်နှာများ၊ ရုပ်သံမှတ်တမ်းများ တွင် မိတ်ဆက်ပြသမှုများကို  မြင်  တွေ့ရသည်။
အဆိုပါ  မော်တော်ကားပျံ တည်  ဆောက်ရေးလုပ်ငန်းမှ  အမှုဆောင် အရာရှိ  Carl Dietrich  က အဆိုပါ မော်တော် ကားပျံကို ဝယ်ယူစီးနင်းမည့် သူများအနေဖြင့် ၎င်းတို့လုပ်ငန်းမှ ကျွမ်းကျင်သူ Pilots များကိုယ်တိုင် လေ့ ကျင့်မောင်းနှင် သင်ကြားပေးသွားမည် ဖြစ်သည်ဟု  မီဒီယာများသို့    ပြောကြားသည်။ အဆိုပါကားပျံတွင်  မြေပြင်သွားလာရန် ဘီးလေး ဘီးပါရှိမည်ဖြစ်ပြီး ကောင်းကင်သို့ပျံတက်ရန် တောင်ပံနှစ်ဖက်နှင့်  တစ်ဖက်စီတွင် ရဟတ်ယာဉ် များကဲ့သို့   တွန်းကန် ပန်ကာနှစ်ခု ပါရှိမည်ဖြစ်သည်ဟုသိရ သည်။ ယင်းကားပျံတွင်  မြင်းကောင် ရေ ၃၀၀  ခန့်ရှိ  အင်ဂျင်စနစ်ပါဝင်မည် ဖြစ်ပြီး ကောင်းကင်တွင်  100-mph  နှုန်းနှင့် မြေပြင်ပေါ်တွင်  65-mph   နှုန်းဖြင့် သွားလာေ မာင်းနှ င်နိုင် မည်ဟု သိရသည်။



အဆိုပါကားပျံကို  Terrafugia TF-X ဟုအမည်ပေးထားပြီး အမေ ရိကန်ဒေါ်လာ ၂၈၀၀၀၀ တန်ဖိုးဖြင့် ၂၀၁၅ ခုနှစ်တွင်  ဝယ်ယူနိုင်တော့မည်ဟု သိရသည်။  စွမ်းအင်သုံးစွဲမှု သက်သာစေရန် Hybrid  စနစ် ထည့် သွင်းပေး ထားပြီး ကောင်းကင် တွင် ပေ၁၇၀၀ ခန့် ပျံသန်းနိုင်တော့မည်ဟု နည်းပညာစာမျက်နှာများတွင် တွေ့ရှိရသည်။ ယာဉ်ကြောပိတ်ဆို့မှုများ ကြောင့်လမ်းမများပေါ်တွင် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုမှ  ကင်းဝေးလိုသူများ အနေဖြင့် မြေပြင်ဝေဟင် နှစ်မျိုးသွား အဆိုပါမော်တော်ကားပျံ ကိုဝယ်ယူရန် ကြိုတင်မှာကြားမှုများ လည်းရှိနေသည်ဟု မီဒီယာစာမျက်နှာ များတွင် တွေ့ရှိရ သည်။

0 comments:

Post a Comment