Tuesday, 22 October 2013

မြန်မာဖောင့် ပြဿနာတက်သူများအတွက် Zawgyi Blog Day ပါ



မြန်မာဖောင့် ပြဿနာတက်သူတိုင်း ဒီဖောင့်လေးကို သုံးကြည့်စေချင်ပါတယ်

လူအတော်များများ ဖြစ်တာတွေ့ တယ် ရေးလို့ ရပြီး Enter နှိပ်လိုက်တဲ့အခါမှာ

လေးထောင့်ကွက်တွေ  ဖြစ်ဖြစ်နေတာ..။ တချို့ ကတော့ ပြောင်းပြန်ဖြစ်တယ်

ရေးရင် လေးထောင့်ကွက် ၊  နှိပ်လိုက်မှစာပေါ်တယ်ဆိုတော့ ဒီဖောင့်လေးကို

သုံးကြည့်စေချင်တယ်။ ကဲ....အဆင်မပြေတဲ့သူတွေ ဆွဲသုံးကြည့်စေဖို့ ........။



ဒီမှာ Download ယူပါ Zippyshare.com/IEZawGyi Font

Monday, 21 October 2013

အပေါ်သို့  တတ်ရန်ဆိုတဲ့ ကုဒ်

 ကျနော်တို့ ဘလောခ်တွေမှာ သတိထားမိကြမှာပါ ညာဘက် အောက်နာမှာ မျှာလေးတွေပြ ထားတာ မျိုးတွေ သတိထားမိပါတာ အဲဒါ ကျနော်တို့ ပိုစ်တွေလိုက်ဖက်ရန် အောက်ဆုံထိရောက်သွားတယ် အဲဒီအခါ အပေါ်ကိုပြန်တတ်မလို့အတွက်ဆို ဘာတန်ကို ပြန်တွန်းတင်ပြီးတတ်ရတယ်လေ။ ဒီကုဒ်လေးတွေကတော့ အဲဒီလိုပြန်တတ်နေရတာတွေကို သက်သာစေပြီး ပုံလေးကိုနှိပ်လိုက်တာနဲ့ အပေါ်ကို Auto ပြန်ရောက်သွားစေမယ့်ကုဒ်လေးပါ အနီရောင်နဲ့ပြထားတဲ့နေရာမှာတော့ မိမိတို့ စိတ်ကြိုက် ပုံလင့်တွေနဲ့ အစားထိုးလို့ရပါတယ် ပုံလင့်တွေယူတယ်ဆိုတ ရှင်းအောင်ပြောရရင် ကျနော်တို့ အွန်လိုင်မှာပေါ်တွေ တွေ့တယ်ကြိုက်တဲ့ပုံလေးတွေ သိမ်းခြင်းတဲ့အခါ ပုံပေါ်မှာ ညာဘက် ကလစ်နှိပ် လိုက်တယ်ဆို ပေါ်လာတဲ့ boxမှာ copy image location ဆိုတာကိုတွေ့ပါလိမ့်မယ် ( အောက်ပုံ ကိုကြည့်ပါ)


  copy image location ဆိုတာကိုနှိပ်လိုက်ပါက ပုံရဲ့လင့်ကိုရရှိမှာဖြစ်ပါတယ်။ ကယ် အဲသလိုထားခြင်းတယ်ဆို အောက်က ကုဒ်တွေကိုယူပြီး ကူးထည့်လိုက်ပါ။

</div><a rel="nofollow" style="position: fixed;bottom: 30px;right: 10px;" href="#" title="အပေါ်သို့တတ်ရန်"><img src='http://dl8.glitter-graphics.net/pub/1201/1201168ofvs3093f7.gif' /></a>

Run..ဘောက် အသုံးဝင်ပုံနှင့် ကွန်ပျူတစ်လုံး ၀ယ်ယူလျှင် ကြည့်ရမည့် အချက်အလက်များ


ကဲ ကိုဖြူရေ ဒီနေရာလေးမှာဘဲ ထည့်ရေးလိုက်တယ်နော် Run..ဘောက်ကနေပြီး ရှင်းလင်းစရာနည်း သုံးနည်း
ရှိပါတယ်.။ အမှိုက်ရှင်းတယ်ပေါ့ သို့မဟုတ် ကိုယ်က ကွန်ပျူတာမှာ ဘာတွေဖွင့်ကြည့်ခဲ့တယ်ဆိုတာတွေကို မှတ်
တမ်းတင်ထားတာတွေကို လိုက်ဖျက်တာပါ.။ (၁) recent ကိုနှိပ်ပြီး Enter ခေါက်ပါ.။ တွေ့သမျှကို Ctrl+A နဲ့ ဆ
လက်မှတ်ပြီးတော့ Shitt+Delete နှိပ် Enter ခေါက်ခြင်း နံပါတ် (၂) temp>>Ctrl+A>>Shitt+Delete>>En
ter ခေါက်ပါ.။ နံပါတ်သုံး (၃) prefetch>> Ctrl+A>>Shitt+Delete>>Enter ဒီသုံးမျိုးနဲ့ ရှင်းလင်းနိုင်ပါတယ်
ဖိုင်တွေကို ဖွင့်မကြည့်ဖို့ အရေးကြီးပါတယ် ဖွင့်ကြည့်ပြီး ဖျက်ရင်တော့ ဖွင့်ကြည့်မိတဲ့ဖိုင်တွေ ပျက်မှာပါနော်.။ ကဲ
မေးထားတာက recent ခေါ်လို့မရတာဆိုတော့ Error Repair ပြင်တဲ့ဆော့ဝဲလေး ထည့်သွင်းပြီး ပြုပြင်လိုက်ပါ
လင့်လေးပါ တစ်ပါတည်း လမ်းညွန်လိုက်မယ်.။ AcebyteUtilitiesfree ဆိုတဲ့ကောင်လေးကလည်း အတော်
လေးကောင်းပါတယ် မိမိကြိုက်တာနဲ့ ပြင်ပေါ့.။ ကဲသူ့လင့်ကတော့ Registry Cleaner ပြုပြင်ခြင်း ဆိုတဲ့နေရာကို
နှိပ်ပြီးလည်း သွားနိုင်ပါတယ်.။ သို့မဟုတ်  AcebyteUtilitiesfree ကိုယူသုံးပါ။ ကွန်ပျူတာ တစ်လုံးဝယ်မယ်ဆို
ရင်တော့...




Window+r ကိုနှိပ်ပြီး Run..ဘောက်မှာ msinfo32 လို့ ရိုက်ပြီး Enter ခေါက်ပါ ပေါ်လာတဲ့ ဘောက်လေးမှာ
Components မှာ ကိုယ့်ဝယ်ယူမယ့် လက်တော့ သို့မဟုတ် ဒက်စတော့ ကို ကြည့်ပါ ဘာပစ္စည်းတွေ ထည့်ထား
တယ်ဆိုတာကိုပေါ့..။ Hardware Resources မှာကတော့ Hardware ဘာတွေထည့်သွင်းထားသလဲဆိုတာ
လေးကို ကြည့်နိုင်ပါတယ်..အခြေခံ အကြမ်းဖျင်း သိထားဖို့တော့လိုတာပေါ့ဗျာ...

ကဲနောက်တစ်ခုက ကွန်ပျူတာကို မြန်အောင်သော်လည်းကောင်း Windows အတက်မြန်အောင်သော်လည်း
ကောင်း လုပ်လိုရင်တော့..။ Run..>>msconfig>>လို့ ရိုက်ထည့်ပြီး Startup မှာ ၀င်းဒိုးတက်သည့်အခါ တစ်ပါ
တည်း မတက်စေချင်တဲ့ မပါစေချင်တဲ့ ဆော့ဝဲကို အမှတ်ခြစ်လေးဖြုတ်ထားပေါ့ Windows နဲ့ ဆိုင်တဲ့ ဖိုင်တွေ
ကိုတော့ မဖြုတ်နဲ့နော်..။
နောက်တစ်ခုကတော့ မိမိကွန်ပျူတာဟာ Core i 3 ဆိုပါတော့ အဲဒီလိုဆိုရင် ခုန Run..>>msconfig>> Enter
နှိပ်ပြီးတော့ Boot ကိုနှိပ် အောက်က Advanced Options>> Number of processors: မှာ CPU သုံးလုံးကို
အသုံးပြုမယ်လို့ သတ်မှတ်ပေးလိုက်ပါ ရှိတာက လေးလုံးပေါ့ သို့သော်လည်း တစ်လုံးတော့ ချန်ထားလိုက်ပေါ့
ရေစာပေါ့နော်..။ ကဲဒါဆိုရင်တော့ အဆင်ပြေလောက်ပါပြီနော်...။

နိဂုံးချုပ်အနေနဲ့ကတော့ ...ပြန်စီစဉ်လိုက်ရင်
Windown+r>>Run....ဘောက်မှာ..
recent
prefetch
temp
%temp%
msinfo32
msconfig


အခြားအသုံးပြုနည်းများလည်း များစွာရှိပါတယ် ခုတော့ သိသလောက်လေး တင်ပေးလိုက်တယ်နော်..
အားနည်းချက်ရှိရင်တော့ ခွင့်လွတ်ဗျာ..ဆရာကြီး မဟုတ်ပါဘူး အမှားများကို သင်ခန်းစာယူပြီး လှုပ်ရှားရုန်းကန်
နေရတဲ့သူပါ..
သို့မဟုတ် သဘာလေးရှိလာတယ်လို့ ပြောမယ်ဆိုလည်း ပြောရမှာပေါ့ အမှားများကို အတွေ့များလာလေ..
ကိုယ့်အတွက် ဗဟုသုတ ရလေပါဘဲဗျာ...သဘာလေးနဲ့ လုပ်စားနေရတာပေါ့..သြော် ဟုတ်ပါဘူး လုပ်နေရ
တာပေါ့ လုပ်စားလို့မှ မရတာ...ကဲကဲ kophyu ရေ အဆင်ပြေပါစေနော်...

Sunday, 20 October 2013

FSCaptureSetup_7.6 မိမိကွန်ပြူ တာမှာ ဓါတ်ပုံရိုက်ကြမယ်




သူငယ်ချင်းတို့ ရေ ဒီဆော့ဝဲလေးကတော့ မိမိကွန်ပြူ တာတွင် မိမိရဲ့ လုပ်ဆောင်ချက်များကို
တစ်ဆင့်ချင်း ဓါတ်ပုံရိုက် မှတ်တမ်းတင် သိမ်းထားလို့ ရပါတယ်။ကွန်ပြူ တာသင်ခန်းစာများကို
ပြုလုပ်ပြီး ပြန်လည်ပို့ ချရန်လည်းလွယ်ကူပါတယ်။မြန်မာစာများကိုပါ ရိုက်လို့ ရပြီး မိမိပြောချင်
သောရည်၇ွယ်ချက်များကိုလည်း ထည့်သွင်းရှင်းလင်းတင်ပြလို့ ရပါတယ်။ဥပမာ ဒီပုံလေးကို
ကြည့်ပါ...





Friday, 18 October 2013

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ အမေး၊အဖြေ



ရန်ကုန်      အောက်တိုဘာ        ၁၈
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ယနေ့ညနေ ၃ နာရီတွင် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာ လအတွင်း တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲတွင် သံတမန်များ၊ နိုင်ငံခြားသတင်းထောက်များနှင့် ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည် ဖြေကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ဦးကျော်စွာမင်း
(ယူမီယူရီသတင်းဌာန)
မေး။      ။ ဖြစ်စဉ်မှာ ကျွန်တော်တို့ အောက်တိုဘာ ၁၇ ရက်  ရှမ်း ပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမှာ ဖြစ်ပွားခဲ့တာကို ထည့်သွင်းပြောကြား သွားခြင်း  မရှိပါဘူး။   အဲဒါနဲ့ ပတ်သက်လို့  နောက်ဆက်တွဲ ဘာတွေများ  စုံစမ်းသိရှိရပါသေး သလဲ။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။ နမ့်ခမ်းဖြစ်စဉ်နဲ့  ပတ်သက်လို့    ညဦးပိုင်းမှာတစ်ကြိမ်၊ မနက်စောစောနှစ်ကြိမ် ဖြစ်စဉ်ဖြစ် ပွားခဲ့ပါတယ်။ အဲဒီမှာ တစ်ယောက် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ် သက်လို့  လောလောဆယ်ကတော့ သတင်းအတည်ပြု    စုံစမ်း နေဆဲ ဖြစ်တဲ့အတွက် အတည်ပြုချက်မရ သေးတာကြောင့် ထည့်သွင်းမပြော ခြင်းဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ရပ် ဖြစ်ပွားခဲ့ တဲ့အကြောင်းကို သတင်းဆက် Up Date ထုတ်ပြန်ပေးသွား မှာပါ။

ဦးအောင်မင်းသိမ်း
(ဩစတြေးလျသံရုံး)
မေး။      ။ရဲချုပ်တင်ပြသွားတဲ့ ဖြစ်စဉ်မှာ  လွတ်မြောက်သွားတဲ့ တရားခံတွေရှိတယ်လို့ သိရပါတယ်။ ဂျာနယ်တွေထဲမှာ လည်း ဖော်ပြထားပါတယ်။ အခြားတိုင်းပြည်တစ်ခုခုကို ထွက်ပြေးသွားခဲ့ရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လို ဆက်လက် ဖော်ထုတ်သွားမှာလဲ။  နည်းလမ်း တွေရှိ၊မရှိ သိလိုပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။        ။မြန်မာနိုင်ငံဟာ အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများနဲ့   နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ I(24/7) Global Communication စနစ်ဖြင့် ၂၄ နာရီမပြတ် ဆက်သွယ် ဆောင်ရွက်လျက် ရှိပါတယ်။ ပြစ်မှု ကျူးလွန်ပြီး  ထွက်ပြေးသူကို တရားရုံးမှ ဖမ်းဝရမ်းထုတ်ပြန်ရင် အင်တာပိုလ်မှ Red Notice သတိ ပေးချက်ထုတ်ပြန်ပြီး  အဖွဲ့ဝင် နိုင်ငံများက ရှာဖွေဖမ်းဆီးပေးအပ် ရပါတယ်။ သို့မဟုတ် diffusion ခေါ် ဖြန့်ဝေစာဖြင့်လည်းကောင်း၊ သီးသန့် တစ်နိုင်ငံချင်း  အကြောင်းကြားခြင်းဖြင့်   လည်းကောင်း၊ တရားခံပြေးများကို ဆက်နွှယ်ဖမ်းဆီး ရေးတောင်းဆိုနိုင်ပါတယ်။ ရဲတပ်ဖွဲ့ အချင်းချင်းပြစ်မှုများ    ပူးပေါင်း စုံစမ်းဖော်ထုတ်ရန်နှင့်   တရားခံပြေးများ    ရှာဖွေဖမ်းဆီးပေးရန် ကတိကဝတ်ပြု ထားကြပါတယ်။ အင်တာပိုလ်အဖွဲ့အနေနဲ့ နိုင်ငံတစ်ခု အတွင်း ပြစ်မှုကျူးလွန်သူတစ်ဦး အခြားနိုင်ငံသို့    ထွက်ပြေးပုန်း ရှောင်ရန် (ပြေးစရာမြေမရှိ) မဖြစ် နိုင်သကဲ့သို့ အခြားနိုင်ငံတွင်း ပြစ်မှု ကျူးလွန်သူအနေနဲ့ မိမိနိုင်ငံအတွင်း ဝင်ရောက် မလာစေရေးအတွက် ဆောင်ရွက်ခြင်း   ဖြစ်ပါတယ်။ ရာဇဝတ်ဘေးပြေးမလွတ်နိုင်ပါ။
ဦးဝင်းဦး (ဧရာဝတီသတင်းဌာန)
မေး။      ။ပဋိပက္ခကိစ္စတွေ ဆက် တိုက်ဖြစ်နေတာ   တွေ့ရပါတယ်။ (၂၇)ကြိမ်မြောက်  ဆီးဂိမ်းလည်း လာတော့မှာ ဖြစ်ပါ တယ်။ နောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ   မကြာခင်မှာ ရှိလာလိမ့်မယ်လို့လည်း   သိရပါ တယ်။ ဒီဖြစ်စဉ်တွေဟာ အဆိုပါ အကြောင်းအရာတွေနဲ့ ဆက်စပ်မှု ရှိနိုင်သလားဆိုတာ တိကျတဲ့အဖြေ တစ်ခုသိလိုပါတယ်။   နောက် ဘယ်အဖွဲ့အစည်းနဲ့ သက်ဆိုင်သလဲ။ အရေးယူမှုတွေကို  ဘယ်အချိန် ကာလမှာ ဆောင်ရွက်နိုင်မလဲ။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။မေးခွန်းကို ကျွန်တော် တို့ကြည့်မယ်ဆိုရင်  နံပါတ်တစ် အချက်ကတော့ ဘယ်အဖွဲ့အစည်းနဲ့ တိုက်ရိုက် ပတ်သက်သလဲဆိုတာကို ရှင်းပြပါမယ်။  နံပါတ်နှစ်အချက် ကတော့  ဘယ်လိုအရေးယူဆောင် ရွက်မလဲဆိုတာ၊ နံပါတ်သုံး အချက် ကတော့ သံတွဲကိစ္စ၊ အာဆီယံနဲ့ ဆက်စပ်မှုရှိ-မရှိ၊ နံပါတ်တစ်ဖြစ်တဲ့ ဘယ်အဖွဲ့အစည်းနဲ့ဆက်စပ်လဲဆို တာလေး ကို ကျွန်တော့်အနေနဲ့ ရှင်း လင်းရမယ်ဆိုရင် ကျွန်တော်တို့က ခုနကရှင်းလင်းတင်ပြခဲ့တဲ့အတိုင်းပဲ အဲဒီမှာ   ပြစ်မှုကျူးလွန် ခဲ့တဲ့သူ စောမြင့်လွင်ဟာ ကေအင်န်ယူတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တယ်ဆိုတာ ကိုပဲ တွေ့ရပါတယ်။ ဒုတိယအချက် ကနောက်ကွယ်က စီမံညွှန်ကြားတဲ့ နေတိုးကတော့ ကေအင်န်ယူ စီးပွား ရေးလုပ်ငန်းတစ်ခုမှာ ပါဝင်တဲ့သူဖြစ် တယ်လို့     စစ်ဆေးပေါ်ပေါက် ပါတယ်။   နောက်သံတွဲကိစ္စ၊ အာဆီယံဆီးဂိမ်းကိစ္စ၊ ရှေ့မှာကျွန် တော်ဆွေးနွေးသွားပြီးဖြစ်ပါတယ်၊၊ ဖော်ထုတ်ချက်အရ ကျွန်တော်တို့ ဒီလောက်ပဲပြောနိုင်ပါတယ်။
ဦးရဲထွဋ်
ဖြေ။      ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန် တော်တို့    ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်က      ရပ်တန့်သွားစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရကလည်း ငြိမ်းချမ်း ရေးကို မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ တစ်ဖက်က    ကျွန်တော်တို့တွေနဲ့ဆွေးနွေးနေတဲ့ တိုင်းရင်းသားခေါင်းဆောင်များကလည်း  ငြိမ်းချမ်းရေးကို  မရ ရအောင်တည် ဆောက် မယ်လို့ ဆုံးဖြတ်ထားတယ်။ လက်ရှိကျွန်တော်တို့ လက်ရှိအကောင်အထည်ဖော်တဲ့ နည်းနာအတိုင်း ဘယ်လိုအခက် အခဲမျိုးရှိရှိ ဒါကိုမဖြစ်ဖြစ်အောင် လုပ်သွားမှာပါ။ ဒီနေရာမှာ ကျွန် တော်ဖြည့်စွက်ပြီးဆွေးနွေးချင်တာက  ကေအင်န်ယူ အဖွဲ့အစည်းက ပုဂ္ဂိုလ်များအနေနဲ့လည်း ရဲချုပ်ကြီး ပြောသွားသလိုပဲ  နောက်ထပ်ဘာ တွေရှိနိုင်သေးလဲ၊  လုပ်နိုင်သေးလဲ ဆိုတာကို  နှစ်ဖက်ပူးပေါင်းပြီးမှ ဆောက်ရွက်ဖို့ ကေအင်န်ယူဘက်ကလည်းဆုံးဖြတ်ထားပါတယ်။ ကေ အင်န်ယူက  ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးရန်ကုန်မြို့ကို ရောက်ရှိပြီးတော့ ဖမ်းဆီးထားတဲ့သူတွေနဲ့ တွေ့ပြီးတော့ မေးမြန်းတာ တွေလုပ်ပါတယ်။ ရှေ့လျှောက်ပြီး နှစ်ဖက်ကြားမှာ သတင်းဖလှယ်ပြီးတော့ ဒီကိစ္စမှာ ပိုမိုပြည့်စုံတဲ့ သတင်းအချက်အလက် တွေ ရရှိဖို့အတွက် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။  သတင်းအချက် အလက်တွေ ရရှိလာလို့ရှိရင်လည်း ရဲချုပ်ကြီးပြော သလို အချိန်နှင့်တစ်ပြေးညီအစီအစဉ်တွေကို ထုတ်ပြန် ပေးသွားမှာဖြစ်ပါတယ်။
Sky Net Channel
မေး။      ။အခုစစ်ဆေးတွေ့ရှိမှု အပြင် အခြားနေရာတွေမှာ မြှုပ်နှံ ထားတာတွေကို စစ်ဆေးမှုရှိခဲ့ပါ သလားရှင်။ ပြင်ပမှာ ထွက်ပေါ်နေတဲ့ သတင်းတွေမှာ မိုင်း ၇၁ လုံးမြှုပ်နှံ ထားတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက် ပြီး ဆရာတို့အနေနဲ့ရှင်းပြပေးစေ လို ပါတယ်ရှင်။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။ခုနတုန်းက ရှင်းလင်းချက်မှာလည်း ပါသွားပြီဖြစ်ပါတယ်။ ရရှိတဲ့သတင်းကတော့  ၁၀ လုံး ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ့ရှိစစ် ဆေးပြီး ဖြစ်နိုင်တဲ့သတင်းကလည်း ၁၀ လုံးဖြစ်ပါတယ်။  ဒီလိုစိုးရိမ်ပူပန် မှုတွေရှိမှာစိုးလို့   ဆောလျင်စွာ သတင်းထုတ်ပြန်ပြီး   ဖြစ်ပါတယ်။ ဒီကိစ္စက On Going  ဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုတွေမရှိကြဖို့ ကျွန်တော် ထပ်လောင်းပြောလိုပါတယ်။
မလှလှဌေး
(AFP)
မေး။      ။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ အဟန့်အတားဖြစ်အောင်     လုပ်တယ်လို့ယူဆကြောင်းရဲချုပ်ပြော ကြားရာမှာ နိုင်ငံတကာ အသိုင်း အဝိုင်းကလည်း စိုးရိမ်မှုတွေရှိနေ ပါတယ်။ အဲဒီ စိုးရိမ်မှုတွေပပျောက် သွားအောင်၊ နိုင်ငံတွင်းမှာ  ရှိတဲ့     ပြည်သူတွေစိုးရိမ်မှုတွေပပျောက် သွားအောင် လုံခြုံရေးကို  ဘယ်လို ပြင်ဆင်ထားတာရှိတယ်ဆိုတာ သိပါ ရစေ။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။ပြည်သူများနဲ့  တကွ နိုင်ငံတကာအဖွဲ့အစည်းများက စိုးရိမ်ပူပန်မှုတွေကို နားလည်းလည် ပါတယ်။ လုံခြုံရေး ဆိုင်ရာ အစီအမံ များအနေနဲ့  ဥပဒေပိုင်းအရဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ကို မူကြမ်းရေးဆွဲထားပြီး   မကြာမီ လွှတ်တော်မှာ   တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ Mညေစသတနမ ပိုင်းမှာဆိုရင် ပြည်နယ်၊ တိုင်းဒေသကြီးတိုင်းမှာ ဗုံးရှင်းလင်း ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လုပ် ကိုင်နေပါတယ်။ ဒါ့အပြင် လုံခြုံရေး ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို ကျပ်သန်းပေါင်း  ခြောက်ထောင်ကျော်ခန့်တပ်ဆင်အသုံးပြု ပြီး နိုင်ငံတော်နှင့် ပြည်သူ တို့ရဲ့ လုံခြုံ ရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ စီစဉ် ထားပါတယ်။
ကိုငြိမ်းချမ်း(7 Days)
မေး။      ။ဗုံးပေါက်ကွဲမှုဖြစ်စဉ် တွေမှာ အစိုးရအနေနဲ့  ကြိုတင် သတင်းရထားတာရှိလားခင်ဗျ။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။ ဒီသတင်းကိုကြိုတင်မရ ခဲ့ပါဘူး။  ဖြစ်သွားတဲ့အခြေအနေ အပေါ်မှာ သင်ခန်းစာယူပြီး နောင်မ ဖြစ်အောင် နိုင်ငံ တကာနဲ့ရော ပြည် တွင်းမှာပါ   အသိပညာပေးပြီး အကြမ်းဖက်မှု  လျော့နည်းအောင် ဆောင်ရွက်သွားမယ်လို့ ပြောချင် ပါတယ်။  အောက်တိုဘာလ ၂၁ ရက်ကစပြီး ခရီးသွားများတဲ့နေရာမှာ ရှိတဲ့ ဟိုတယ်များက ဝန်ထမ်းတွေကို လုံခြုံရေး ဆိုင်ရာ သင်တန်းတွေပေးဖို့ စီမံထားပါတယ်။ အလားတူ သက် ဆိုင်ရာဝန်ကြီးဌာနနဲ့ ပေါင်းပြီး လုံခြုံ ရေးဆိုင်ရာပစ္စည်း များကို  တိုးမြှင့် တပ်ဆင်ဖို့    ညှိနှိုင်းထားပြီးဖြစ်ပါ တယ်။
ကိုဝင်းမြင့်ကျော်
(Weekly Eleven)
မေး။      ။ ယခုဖြစ်စဉ်တွေမှာ ကျူးလွန်တဲ့သူတွေက ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျ အောင်လုပ်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းလို့ပြောပါတယ်။   အဲဒီ နောက်ကွယ်မှာ  ကျွန်တော်တို့ သိထားတာက အင်အားကြီးတရုတ် နိုင်ငံ ပါဝင်ပတ်သက်နေတယ်လို့ သိထားပါတယ်။ အချက်အလက်တွေ အချို့တွေလည်း ပြောထားတာတွေ ရှိတဲ့အတွက် ဟုတ်၊ မဟုတ် အတိ အကျလေး ပြောပေးစေလိုပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။  ကျွန်တော်တို့သိရ သလောက်ကို ရရှိထားတဲ့အထောက် အထားများကို မူတည်ပြီး ရှင်းလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။ စစ်ဆေး ချက်အရ ဒီသတင်းကို အတည်မပြု နိုင်ပါ။
မရွှေမှုံ
သမဂ္ဂသတင်းဂျာနယ်
မေး။      ။ ပထမဆုံးတစ်ခုကတော့ အခုလက်ရှိပေါက်ကွဲမှုဖြစ်စဉ်တွေ မှာ ဖြစ်ပွားခဲ့တဲ့ မိုင်းတွေက ဘယ်လို လူမျိုး၊ ဘယ်လိုအဖွဲ့အစည်းတွေ အသုံးပြုခဲ့တဲ့မိုင်းဆိုတာ သိချင်ပါတယ်။ မကြာမီ မြန်မာသီတင်းကျွတ် ကာလ ဖြစ်တော့မှာဖြစ် တဲ့အတွက်ကြောင့်  မြန်မာပြည်သူလူထုက အရမ်းထိတ်လန့်မှုဖြစ်နေတဲ့အပေါ် မှာ ဘယ်လောက်ထိ ကာကွယ်မှုပေး နိုင်ဖို့  ပြင်ဆင်ထားတယ်ဆိုတာ သိချင်ပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။ မိုင်းအမျိုးအစားတွေ အားလုံးကတော့    စောစောက ဆွေးနွေးထားပြီး    ဖြစ်ပါတယ်။ ကျွန်တော်တို့ပြောနိုင် တာကတော့ ဒါတွေအားလုံးဟာ လက်လုပ်မိုင်း များဖြစ်တယ်ဆိုတာကို ပြောနိုင်ပါတယ်။  တစ်ဖက်ကဆိုရင် TNT ယမ်းကိုသုံးတယ်။ နောက်တစ်ခုက M ၆၇ လက်ပစ်ဗုံးကို  သုံးတယ်။ တကယ်တမ်း   လက်လုပ်မိုင်း ဆိုတဲ့ဟာကလွဲပြီး  ဒီဟာကတော့ ဘယ်အဖွဲ့အစည်းကမိုင်း၊ ဘယ်အဖွဲ့ အစည်းက သုံးတယ်ဆိုတာပြောဖို့ လုံလောက်တဲ့အခြေအနေမရှိသေး ပါဘူး။ အခုဒီလက်ရှိမိုင်းနဲ့ ပတ် သက်လို့ပြီးခဲ့တဲ့ဖြစ်စဉ်တွေနဲ့ တိုက် ကြည့်တဲ့အခါ ဒီမိုင်းနဲ့ တစ်ထပ် တည်းတူနေတဲ့  အနေအထားမျိုး မတွေ့ရပါဘူး။ သီတင်းကျွတ်လုံခြုံ ရေးနဲ့ ပတ်သက်လို့ကတော့ သီတင်း ကျွတ်ပွဲသာမက ဆီးဂိမ်းအထိပါ စီမံဆောင်ရွက်သွားမယ့် အပိုင်း တွေကို ပြည့်ပြည့်စုံစုံ  ပြင်ဆင် ထားပြီးဖြစ်ပါတယ်။ အခုဆိုလျှင် သတင်းစာ၊ သတင်း ဂျာနယ်တွေမှာ ပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် လုံခြုံ ရေးနှင့်ပတ်သက်ပြီး ဘယ်လောက် အထိ အသိပညာပေးခဲ့ပြီး ပူးပေါင်း ဆောင်ရွက်နေတယ်     ဆိုတာကို သတင်းတွေဖော်ပြနေတယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ပထမဆုံးဖြစ်စဉ် ဖြစ်ကတည်းက လုံခြုံရေးမြှင့်တင်ပြီး စီမံဆောင်ရွက် ထားပြီးဖြစ်ပါတယ်၊ လုံခြုံရေးနှင့် ပတ်သက်ပြီး  ယခုကာလအတွင်း အမြင့်ဆုံးထားပြီး ဆောင်ရွက်ထား တယ်ဆိုတာကို   အသိပေးချင်ပါ တယ်။
မင်းသူ
(Street View ဂျာနယ်)
မေး။      ။ နှစ်ခု သိချင်ပါတယ်။ ပထမတစ်ခုက  ဖြစ်စဉ်မှာပါဝင်တဲ့ ဥပဒေ အဖွဲ့အစည်းတွေက မဖမ်းမိ သေးတာတွေရော၊  ဖမ်းမိတာတွေရော အင်အားဘယ်လောက်ရှိပါသလဲ။ နောက်တစ်ခုက ပြည်သူအများစု  စိုးရိမ်မကင်း၊ သင်္ကာမကင်း ထိတ်လန့် မှုတွေကြုံနေရပါတယ်။ တရားခံတွေ ကရော၊ တရားခံအစစ်ဖြစ်ရဲ့လား။အဲဒါကြောင့် တရားခံတွေဘက်က ရှင်းလင်းချက်တွေကို မီဒီယာအနေနဲ့ ဘယ်လိုယူလို့ရမလဲ။ နောက်ဆုံး တစ်ချက်ကတော့  နိုင်ငံတော်စီးပွား ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေဆိုတဲ့ အဓိကအကြောင်းက  ခိုင်မာတဲ့အကြောင်းပြချက်တစ်ခု ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာသိချင် ပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။တရားခံများနဲ့ ပတ်သက် ပြီးတော့ ခိုင်မာတယ်ဆိုတာကတော့ ခုန  ရှင်းလင်းချက်တွေမှာလည်း ရှင်းလင်းပြီးဖြစ် တာကြောင့် ဘယ်လိုမှ ဖန်တီးလို့မရပါဘူး။ အချိန်တွေပါ တယ်။   သက်ဆိုင်ရာခိုင်မာတဲ့ သက်သေတွေကတစ်ဆင့် အတိ အကျ ယူထားတာဖြစ်ပါတယ်။  ဃဃွှဠ အထောက်အထားတွေကို တည်းခို ခန်းနှင့် ဆိုင်တွေက ယူထားတာဖြစ်ပါ တယ်။ ပြောရရင် စကားမပြောတဲ့ သက်သေတွေဖြစ်ပါတယ်။ စကား မပြောတဲ့သက်သေက အခိုင်အမာ ဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။ ခုနကရှင်းပြတဲ့အထဲမှာပါပါတယ်။ ကျွန်တော်တို့ လက်ရှိ ရသလောက် ကတော့ ကေအင်န်ယူအဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးအဖွဲ့အစည်း တစ်ခုမှ ဆောင်ရွက်ချက်ဆိုတာ လောက်ပဲသိရတယ်။
ဦးရဲထွဋ်
ဖြေ။      ။ဖြည့်စွက်ပြီးတော့ တင်ပြ ချင်ပါတယ်။ လူတွေအားလုံးလည်း စိတ်ဝင်စားတဲ့  ကိစ္စဖြစ်ပါတယ်။ မေးတဲ့အထဲမှာ  အဖွဲ့အစည်းဆိုပြီး ရည်ရွယ်ပြီးမေးတာရှိတယ်။ Daily Eleven က နိုင်ငံတစ်နိုင်ငံကို ရည် ညွှန်းပြီး နောက်ကွယ်မှာ ရှိတယ်လို့ ပြောသွားတယ်။ ရရှိထားတဲ့သက်သေ အထောက်အထားအရ အရေးယူနိုင် တဲ့ ကိစ္စကိုပဲပြောပါ။ မီဒီယာတွေကို မေတ္တာရပ်ခံချင်တာကတော့ မသေချာတဲ့အကြောင်းအရာတွေကို မရေးစေချင်ပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး တော့မေးပါ။   အဲဒီ ပေါ်မှာမူတည်ပြီးတော့   ရေးပါ။ သတင်းမခိုင်မာဘဲနဲ့ မှန်းဆချက်တွေ မီဒီယာထဲမှာပါသွားရင် တည်ဆောက် နေတဲ့ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကိစ္စတွေနဲ့ နိုင်ငံတကာ ဆက်ဆံရေးကိစ္စတွေမှာ မလိုလား အပ်တဲ့ ထိခိုက်မှုတွေဖြစ်စေပါတယ်။ ဒီမှာက  ပြဿနာတစ်ခုဖြစ်ပြီဆိုရင် မှန်းဆချက်တွေက သိပ်များပါတယ်။ သတင်း အချက်အလက် ခိုင်လုံလို့ရှိရင် ဆက်လက်စုံစမ်းစစ်ဆေးဖို့  အသင့် ရှိပါတယ်။ သို့သော် ဒါတွေ မခိုင်လုံ ဘဲနဲ့   မှန်းဆချက် တစ်ခုတည်းနဲ့ မီဒီယာတွေပေါ်မှာ  တင်ပြီးတော့ မရေးစေချင်ပါဘူး။ လိုအပ်လို့ရှိရင် အစိုးရအဖွဲ့၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတည်ပြုပြီးမှ လုပ်စေချင်ပါတယ်။ စိတ်ဝင်စားတဲ့၊ အထိအခိုက်မခံတဲ့ သတင်းမှာ မှန်းဆချက်တွေကို ထည့် ရေးရင် မလိုလားအပ်တဲ့တန်ပြန်အကျိုး သက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။
ဦးဇော်ဝင်းလှိုင်
(ဗွီအိုအေမြန်မာပိုင်းအစီအစဉ်)
မေး။      ။ ခုနက ရဲချုပ်ကြီးတို့ ပြောထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အတိအကျလေး သိချင်ပါတယ်။ အခု လက်ရှိ ဖမ်းတဲ့အရေအတွက် ဘယ် လောက်လဲ၊ သံသယရှိတယ်ဆိုပြီး စုံစမ်းနေတဲ့သူအရေအတွက် သိလို့ ရရင် သိချင်ပါတယ်။ မနေ့က ဒီလူ တွေက   ကေအင်န်ယူ(၅)ကနေ ကြေညာချက်ထုတ်ပါတယ်။ သူတို့ အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ သဘောမျိုးထုတ်တယ်။ အဲဒီအပေါ် မှာ   မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့၊ ပြည်ထောင်စုအစိုးရအနေနဲ့ တစ်ခုခု တုံ့ပြန်ဖို့များ အစီအစဉ်ရှိပါသလား။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။ ကျွန်တော်တို့ အခုထိ ဖမ်းဆီးထိန်းသိမ်းထားတာ အားလုံး ရှစ်ဦးပဲ ရှိပါသေးတယ်။ သံသယရှိတဲ့ အရေအတွက် ကတော့  စစ်ဆေးဆဲ ဖြစ်၍ ထုတ်ပြန်ဖို့ အခြေအနေမပေး သေးပါဘူး။
ဦးရဲထွဋ်
ဖြေ။      ။ ဒုတိယမေးခွန်းကို ကျွန်တော်ဖြေပါမယ်။ ကျွန်တော် လည်း ဒီကိစ္စ စဖြစ်တော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရှိရတဲ့ သတင်းအချက် အလက်တွေ သက်ဆိုင်ရာကေအင်န် ယူအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပေး ပို့ပါတယ်။ ကေအင်န်ယူ အဖွဲ့အစည်းက နိုင်ငံတော်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးကို အစောဆုံး လက်မှတ်ထိုး ထားတဲ့  အဖွဲ့အစည်းတစ်ခုဖြစ်ပါ တယ်။ ကေအင်န်ယူတပ်ဖွဲ့ဝင်တွေက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊  တနင်္သာရီတိုင်း ဒေသကြီးဆိုတဲ့   ပြည်နယ်နှစ်ခု၊ တိုင်းဒေသကြီးနှစ်ခုမှာ ရှိပါတယ်။ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့ အချိန်ကစပြီး တော့ လုံးဝတိုက်ခိုက်မှုဖြစ်တာတို့၊ တိုက်ပွဲဖြစ်တာတို့ လုံးဝမရှိပါဘူး။ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို အပြည့်အဝ လိုက်နာခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး စောမူ တူးဆေးဖိုး ဦးစီးတဲ့ ကေအင်န်ယူ ခေါင်းဆောင်တွေက သမ္မတကြီးနဲ့ သုံးကြိမ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ သုံးကြိမ်တိတိ ဆွေးနွေးခဲ့ ပါတယ်။ ဆိုတာက အောက်ခြေ တပ်ဖွဲ့ ဝင်တွေကြားထဲမှာရော၊  နှစ်ဖက် ခေါင်းဆောင်တွေကြားထဲမှာရော အပြန်အလှန်ယုံကြည်မှုက အင်မတန် ခိုင်မာတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့ကြောင့်  ကျွန်တော်တို့အနေနဲ့၊ ကေအင်န်ယူအဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမျိုးကို လုံးဝ လုပ်မှာ မဟုတ်ဘူး လို့ ယုံကြည်ပါတယ်။ ကေအင်န်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီက တစ်ဦးလည်း ရန်ကုန်မှာ ဖမ်းဆီးထား တဲ့ သူနဲ့ တွေ့ဆုံမေးမြန်းနေတယ်။ အပြန်အလှန်  ပူးပေါင်းပြီးတော့ အချက်အလက်တွေ ဖလှယ်ကြမယ်။ ပြီးရင် နောက်ထပ်ရနိုင်တဲ့ အချက် အလက်တွေကို ဆက်ဖော်ထုတ်သွား မှာပါ။ ကေအင်န်ယူအဖွဲ့အစည်း အနေနဲ့ ဒီကိစ္စမှာ လုံးဝပတ်သက်ခြင်း မရှိဘူးလို့  ယုံကြည်ပါတယ်။  ကေ အင်န်ယူရော၊ တိုင်းရင်းသားအားလုံး ရော ပါဝင်တဲ့ ပူးပေါင်းဖြစ်စဉ်ကိုလည်း ထိခိုက်စရာ  မရှိပါဘူး။  အစိုးရနဲ့ ကေအင်န်ယူပူးပေါင်းပြီး ပြည်လုံးကျွတ် ငြိမ်းချမ်းရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမှာပါ။ နှစ်ဖက်စလုံး အပြန်အလှန် ကတိပြုထားပြီးဖြစ်ပါ တယ်။
သူရထွန်း
(အာရှသတင်းဂျာနယ်)
မေး။      ။ ဟိုတယ်မှာ မိုင်းထောင် တာ ရဲတပ်ဖွဲ့က ကြိုတင်သတင်းရပါ သလား။ Traders Hotel  ပေါက်ကွဲ မှုဖြစ်စဉ်၊ မသင်္ကာဖွယ်ရာ တရားခံ၊ တစ်ယောက်ထိသွားတာ  သတင်းရ တာနဲ့ ရဲတပ်ဖွဲ့က သတင်းရတာနဲ့ ကြိုတင်ကာကွယ်မှု မလုပ်နိုင်တာကို သိပါရစေ။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။ မှုခင်းကြိုတင်ကာကွယ်မှု ဟာ ကျွန်တော်တို့ရဲ့ အဓိကအလုပ်ပါ။ မှုခင်းဖော်ထုတ်တယ်ဆိုတာကတော့ ပြီးမှ လုပ်ကြတဲ့အပိုင်းပါ။ ကြိုတင် သတင်းရထားတယ်ဆိုရင် ဘယ်လိုမှ ဒီလိုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီကိစ္စ ကတော့ ကြိုတင် သတင်းမရထားလို့ ဖြစ်ပါတယ်။
မရူပါဝင်း
(Farmer ဂျာနယ်)
မေး။      ။ ဗုံးက  တစ်လုံးမက ပေါက်သွားတယ်။ ဖြစ်တာကလည်း မြန်မာနိုင်ငံအောက်ပိုင်းနဲ့ အလယ် ပိုင်းဆိုတော့ ကျန်တဲ့ ကျေးလက်ဒေသ တွေမှာ လိုအပ်လာမယ့် လုံခြုံရေး အခြေအနေနဲ့ လုံခြုံရေးအစီအစဉ်ကို သိချင်ပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။ရဲလုပ်ငန်းမှာ ရွာစင် ကြယ် ရဲလုပ်ငန်းဆိုတာ ရှိပါတယ်။    နောက်တစ်ခါလယ်ယာလုပ်ငန်းခွင်လုံခြုံရေးဆိုတာ ရှိပါတယ်။ ဒါတွေက တော့  သက်ဆိုင်ရာဒေသမှာရှိတဲ့ ရပ်/ကျေး   အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာနေပြည်သူများနဲ့ ကျေးရွာ အရောက် လှည့်ကင်းတွေ၊ သတင်းယူ တာတွေရှိပါတယ်။ မြို့ပေါ်မှ ကျေးရွာ အထိ ချိတ်ဆက်ထားတဲ့ ရဲလုပ်ငန်း ကွန်ရက် ရှိပြီး ကျေးရွာအထိ စဉ်ဆက် မပြတ် ဆောင်ရွက်နေပါတယ်။ ခုလည်း သတင်းရရှိမှုအပေါ်မူတည်ပြီး မြို့ပေါ်လည်း  မြို့ပေါ် အလျောက်၊ နယ်မှာလည်း  နယ်မှာအလျောက် တိုးမြှင့်ပြီး အစီအမံများဆောင်ရွက်လျက်ရှိပါတယ်။
ဦးရဲထွဋ်
ဖြေ။      ။ ကျွန်တော်တို့နိုင်ငံက အနောက်နိုင်ငံတွေမှာလို  Credit Card တို့၊ Security Card တို့ စတာ တွေ  သုံးပြီးသွားတဲ့ Electronic Trace ကို လိုက်လို့မရဘူး။ အဲဒီတော့ ကိုယ့်ရပ်ကွက်၊    ကိုယ့်ရွာထဲကို ဝင်လာတဲ့   လူဝင် လူထွက်တွေ၊ လူစိမ်းရောက်ရှိမှုတွေ စတဲ့လူစာရင်း သိဖို့လိုတယ်။   ဧည့်စာရင်းတိုင်မှု ဆိုတာ မှန်မှန်ကန်ကန် ကျင့်သုံးနိုင် မယ်ဆိုရင် လုံခြုံရေးဆောင်ရွက်ရာမှာ အများကြီးထိရောက်တဲ့ ယန္တရားဖြစ် ပါတယ်။ ကျွန်တော်တို့မှာ နူနခအမသညငခ  စောင့်ကြည့်စနစ်တွေမရှိသေးဘဲ လူကိုအခြေပြုပြီး လုပ်ရတဲ့စနစ်ပဲ ရှိတာကြောင့် ဧည့်စာရင်းတိုင်တာမျိုး၊ လူစာရင်းအဝင် အထွက်ကို သတင်းပို့ တာမျိုးတွေ၊ ခုနက ရဲချုပ်ကြီးပြောတဲ့ ကျေးရွာတွေ လှည့်ကင်းနဲ့ စစ်ဆေး တယ်ဆိုတာမျိုးတွေရှိ တယ်။ အဲဒီ စနစ်တွေ  အောင်မြင်ဖို့ကြတော့ ရဲတပ်ဖွဲ့ဝင်တွေချည်းပဲ လုပ်လို့မရ ဘူး။ အစိုးရလည်း လုပ်လို့မရဘူး။ ဒေသ မှာရှိတဲ့ ပြည်သူတွေ ကိုယ်တိုင်ကိုက  ဒီစနစ်တွေသည် ငါတို့ရဲ့လုံခြုံရေးအတွက် လုပ်နေတဲ့ စနစ်ပါလားဆိုတာ    မြင်ပြီးတော့       ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။
ကောင်းမြတ်ဖြိုး
(မြစ်မခသတင်းအေဂျင်စီ)
မေး။      ။ အခု ထိန်းသိမ်းခံရတဲ့ သူကို တရားခံအဆင့် သတ်မှတ်ပြီး ပြီလားဆိုတာသိချင်ပါတယ်။ ချမ်းမြေ့ တည်းခိုခန်း ပေါက်ကွဲမှုကိစ္စမှာ ဘယ် ကဲ့သို့ သိပြီးတော့ သူ့သူငယ်ချင်းလို့ ပြောတာလဲ၊ တည်းခိုခန်းတည်းတယ် ဆိုတာ ဘယ်လို အထောက်အထား များရှိပါသလဲ။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။ တရားဥပဒေက တရားရုံး ပြစ်ဒဏ်ချပြီးမှ တရားခံလို့ သတ်မှတ် ရမှာဖြစ်ပါတယ်။ ချမ်းမြေ့တည်းခို ခန်းမှာ စစ်ဆေးခဲ့တဲ့အထဲမှာ CCTV မှာလည်းရတယ်။ နေသွားတယ်။ တည်းသွားတယ်ဆိုတာ သက်သေ အရသိတယ်။ ဒါ့အပြင် တည်းခိုသူ စာရင်းအရ  သိရသလို  အဲဒီမှာ ပေါက်ကွဲပစ္စည်းရဲ့ လက်ရာအရ ရန်ကုန် Western Park  မှာဖြစ်တဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာကြောင့် ဒီပေါက်ကွဲမှုဟာလည်း ၎င်းအဖွဲ့များ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရခြင်းဖြစ် ပါတယ်။
DVB
မေး။      ။ ပေါက်ကွဲမှုတွေက ဟိုး အရင်ကလည်း ဖြစ်ခဲ့တယ်။ အခု အချိန်အထိ ပြည်တွင်းလုပ် လက်လုပ် ဗုံးလို့ပြော နေတယ်။ အဲဒီတော့ ဒီလို မျိုးမဖြစ်အောင် ရဲချုပ်မှာ တာဝန်ရှိပါ သလား။ နောင်တစ်ချိန်မှာ ဒီလိုမျိုး ပေါက်ကွဲမှုတွေ  ဖြစ်တယ်ဆိုရင် ဘယ်လိုတာဝန်ယူမှုအပိုင်းရှိမလဲ ဆိုတာ သိချင်ပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။  ပြောင်းလဲလာသည့်       မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာအယူအဆအရ နည်းနည်း တင်ပြချင် တာကတော့ မှုခင်းနဲ့ ပတ် သက်လို့ပြောရရင်   ရဲတပ်ဖွဲ့တစ်ခု တည်းမှာ တာဝန်ရှိတယ်ဆိုတာထက် အားလုံး ပူးပေါင်း ဆောင်ရွက်မှ ရမှာပါ။ ယမ်းအသုံးပြုမှုလုပ်တဲ့ လုပ်ငန်း တွေကလည်း အများကြီးရှိပါတယ်။ ယိုပေါက်မရှိအောင် ဌာန ဆိုင်ရာများ၊ Private Sector  များမှလည်း လုံခြုံ ရေးသတိနဲ့ ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်း ပေးကြရမှာဖြစ်ပါတယ်။
ဦးရဲထွဋ်
ဖြေ။      ။ ယမ်းတွေ လိုသလိုရနေ တယ်ဆိုတာက ကျွန်တော်တို့နိုင်ငံဟာ လက်နက်ကိုင် ပဋိပက္ခနဲ့ ရင်ဆိုင်ခဲ့ရ တာ နှစ်ပေါင်း(၆၀)လောက်ရှိပါပြီ။ ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေမှာ ယမ်းတွေ၊  လက်ပစ်ဗုံးအဟောင်း တွေ ဒါတွေရှိနေဆဲပါ။ ကျွန်တော်တို့ နိုင်ငံမှ မဟုတ်ဘူး၊ ကျန်တဲ့နိုင်ငံတွေက အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အစည်း တွေ ရင်ဆိုင်နေရတဲ့ ပြဿနာက ဖောက်ခွဲရာမှာသုံးတဲ့ အီလက်ထရွန် နစ်ပစ္စည်းတွေ အလွယ်တကူဝယ်လို့ရ တယ်။ တစ်ခါတလေ ရှိပြီး အီလက် ထရွန်နစ်ပစ္စည်းတွေက  ဖြုတ်ပြီး တပ်ဆင်အသုံးပြုလို့ရတယ်။ ဗုံးလုပ် တဲ့နည်းကဟိုတုန်းကဆိုရင် အင်မတန် ခက်ခဲတယ်။ အခုခေတ်က  Google နဲ့ You tube ပေါ်မှာ အလွယ်တကူ ရှာလို့ရတဲ့   အနေအထားရှိတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကဆိုရင် ဗုံးဖောက်မယ်ဆိုရင်   ကိုယ်တိုင် တပ်ဆင်ရတယ်။ ဒီကနေ့က အီလက် ထရွန်နစ်ပစ္စည်းတွေ ခေတ်မီမှုကြောင့် စောမြင့်လွင်လို သူကိုယ်တိုင်လုပ်စရာ မလိုဘူး။   ဝါယာကြိုးကိုဆက်ပြီး ခလုတ်ဖွင့်ပေးလိုက်လို့ရပြီ၊ ဒါကြောင့် အရင်တုန်းကထက်စာရင် အခုဘယ်သူမဆို ခိုင်းလို့ရတယ်။ ပစ္စည်းတွေက အလွယ်တကူရတာကြောင့် ရဲတပ်ဖွဲ့ ဆိုတဲ့ယန္တရားတစ်ခုတည်းက အားလုံးထိန်းဖို့ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ နောက်ပြီး စက်မှုလုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်း တွေမှာ ယမ်းတွေကိုသုံးတာ ရှိတယ်။ ဒါ့ကြောင့် အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ ပြောချင်ပါ တယ်။
ကိုသန်းထိုက်အောင်
(Messanger Journal)
မေး။      ။ သံသယရှိသူသုံးဦးကို ဖမ်းမိပြီး သတင်းထုတ်ပြန်ထားတာ ကေအင်န်ယူက ဗိုလ်ကြီးအဆင့်ရှိ သူက ခိုင်းတယ်လို့သိရပါတယ်။ အခု ရှင်းလင်းမှုမှာ စီးပွားရေးနဲ့ပတ်သက် တဲ့သူဆိုပြီး ပါလာပါတယ်။ သံသယ ရှိသူတစ်ယောက် ထွက်ဆိုချက်ကို သတင်းထုတ်ပြန်မှုတွေလုပ်တဲ့အခါ မှာ ဘယ်လိုမျိုးစိစစ်ပြီးလုပ်တယ်ဆိုတာ သိချင်ပါတယ်။ အဲဒါနဲ့ ဆက်စပ် ပြီး မန္တလေးက ဗုံးတွေ့မှုမှာဆိုရင် လည်း မလေးရှားကပြန်လာတဲ့ လူနဲ့ ပတ်သက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာတွေရှိပါတယ်။ အတည်ပြုချက်မရသေးတဲ့အတွက် မရေးနဲ့ဆိုပြီး အဲဒီလိုသတင်းတွေ ပေါက်ထွက် လာပါတယ်။ ဒါနဲ့ ပတ် သက်ပြီး ရှင်းလင်းပေးစေလိုပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။ ကျွန်တော်တို့ရဲတပ်ဖွဲ့ အနေနဲ့  သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးအဖွဲ့ ဖွဲ့ထားပြီး ဖြစ်ပါ တယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ အတည်ပြုချက်တွေ၊  ရဲတပ်ဖွဲ့ရဲ့ သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြပေးတဲ့ အချက်အလက်တွေ၊ သတင်းစာ ရှင်းလင်းပွဲက ရတဲ့အချက်အလက် တွေကိုသာ ရေးဖို့မေတ္တာရပ်ခံပါတယ်။ မန္တလေးကိစ္စက   ကောလာဟလ ထင်မြင်ယူဆချက်တွေပါ။ ဒါလေး တွေကို သတိထားစေချင်ပါတယ်။
ကိုဉာဏ်လင်းအောင်
(Myanmar Times)
မေး။  ။ မြန်မာနိုင်ငံမှာ မကြာမီ ဆီးဂိမ်းနဲ့ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမယ့်အချိန်မှာ လုံခြုံရေး ကို ပြင်ဆင် ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။   နေပြည်တော်မှာ ကျင်းပတဲ့ ဘောလုံးပွဲအတွေ့အကြုံ အရ လုံခြုံရေးချထား ပေမယ့် လည်း ပွဲထဲဝင်   ခုံတွေဖျက်ဆီးပြီး   ပွဲပျက် လောက်တဲ့    အခြေအနေအထိ ပြဿနာဖြစ်သွားတာ ရှိပါတယ်။ ကျင်းပချိန် မှာ တကယ်ခိုင်ခိုင်မာမာလက်ရှိရဲတပ်ဖွဲ့အင်အားနဲ့ Capacity အရ လုံခြုံရေးဘယ်လိုပေးနိုင်မလဲ။
ရဲချုပ်ဇော်ဝင်း
ဖြေ။      ။ လုံခြုံရေးအပြည့်အဝ ပေးနိုင်ပါတယ်။ လုံခြုံရေးနဲ့ပတ်သက် တဲ့ အဖွဲ့အစည်းအားလုံးနဲ့ပူးပေါင်း ပြီး ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဆီးဂိမ်းနဲ့ပတ်သက်ပြီး   လုံခြုံရေး အပြည့်အဝပေးနိုင်တယ်လို့ ပြောနိုင် ပါတယ်။ နေပြည်တော်မှာ ဖြစ်ပွားတဲ့ အဖြစ်အပျက်က   အဲဒီအချိန်မှာ ကျွန်တော်တို့ ဆောင်ရွက်ခွင့်မရခဲ့ပါ ဘူး။ ဖြစ်စဉ်ဖြစ်မှ သွားရောက် ထိန်းသိမ်း ခဲ့တာပါ။ ဆောင်ရွက်ခွင့်ရခဲ့ရင် ဒီအခြေအနေမျိုး  မရှိနိုင်ပါဘူး။ ကျွန်တော်တို့နဲ့ပြည်သူအကြား အပြန် အလှန် နားလည်မှု တွေရှိနေပြီဖြစ်ပါ တယ်။
ကိုဆန်းမိုးထွန်း
(မြန်မာပို့စ်ဂျာနယ်)
မေး။      ။ အချက်အလက်ပြည့်စုံမှ သတင်းရေးလို့ပြောပါတယ်။အဲဒါနဲ့ ပတ်သက်ပြီး  ကုန်သည်ကြီးများ ဟိုတယ်မှာ   ဗုံးပေါက်ကွဲမှုကို ကျွန်တော်တို့တိုက်က သတင်းထောက် တစ်ယောက်က တာဝန်ရှိသူတစ်ဦးကို သွားမေးတဲ့အခါ  သတင်းပြန်လည် ဖြေကြားမှုမရှိပါဘူး။ သတင်းထောက် တစ်ယောက်အနေနဲ့ တစ်ခုခုဖြစ်ပေါ် လာတဲ့အခါမှာ စခန်းမှူး၊ မြို့နယ်မှူး တို့ကို သတင်းမေးတဲ့အခါ ရဲချုပ်တို့ အနေနဲ့ ပြန်လည်ဖြေကြားခွင့်ပြု၊ မပြုသိချင်ပါတယ်။
ဦးရဲထွဋ်
ဖြေ။      ။သတင်းနဲ့ပတ်သက်ပြီး ဖြေပါမယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် မဟုတ်ပါဘူး။ ဌာနတွေအားလုံးမှာ လည်း ခဏခဏ ဒီလို စောဒကတက်မှု တွေကြုံရပါတယ်။ ဌာနဆိုင်ရာတွေကို အဆင့်အလိုက် ပြောခွင့်ရှိတဲ့သူကို ပြောဖို့ ခွင့်ပြုထားပြီး သားပါ။ အခြေ အနေအရ ရဲတပ်ဖွဲ့အနေနဲ့ စတင် စစ်ဆေးမေးမြန်းတဲ့အချိန်မှာ သတင်း ထုတ်ပြန်လို့မရပါဘူး။  သတင်း ထောက်များဘက်ကလည်း သတင်း ထောက်ဖြစ်ကြောင်း   မှန်ကန်တဲ့ အထောက်အထားပြဖို့ လိုပါတယ်။ လိပ်စာကတ် တစ်ခုတည်းနဲ့ မဖြစ်ပါဘူး။ နိုင်ငံတကာမှာ သက်ဆိုင်ရာ စာနယ်ဇင်းကောင်စီက အသိအမှတ် ပြု ကတ်ပြားရှိမှ  သတင်းယူ လို့ရပါ တယ်။ ဒီက နိုင်ငံခြားသတင်းထောက် အသင်းလိုပေါ့။ တကယ် သတင်း ထောက်သာ မှန်ကန်ရင် ဖြေတဲ့သူ အဖို့ ဖြေပေးဖို့ ဝန်မလေးပါဘူး။ အဲဒီ နေ့က အထောက်အထား ပြည့်စုံတဲ့ သတင်းစာ၊ ဂျာနယ်တွေမှာ သတင်း မေးမြန်းဖော်ပြ ခွင့်ရတယ်။ မြန်မာ့ အသံနဲ့ တချို့ရုပ်သံလိုင်းတွေမှာ နောက်နေ့မနက် ၇ နာရီမှာ ထုတ်လွှင့် နိုင်ခဲ့တယ်။ သတင်းမထုတ် ရဘူးလို့ ကန့်သတ်ထားတာမရှိပါဘူး။ အခြေ အနေအရ ပြောပိုင်ခွင့်ရှိတဲ့သူကို ပြောနိုင်တဲ့ အတိုင်းအတာအထိ ပြောဖို့ ခွင့်ပြုပြီးသားပါ။ စာနယ်ဇင်း သမားဖြစ်အောင်ခိုင်မာတဲ့အထောက် အထားရှိဖို့ လိုပါတယ်။     ။
Featured News: 























ယာဉ်ကြောပိတ်ဆို့မှုကို ကားပျံဖြင့် ကျော်လွှားနိုင်တော့မည်


ယခင်နှစ်များကတည်းက ပညာရှင် အင်ဂျင်နီယာများ  စမ်းသပ်တည် ဆောက်မှုများရှိနေပြီး မီဒီယာများတွင် သတင်းများ မကြာခဏထွက်ပေါ်နေ သည်။  လာမည့်   ၂၀၁၅ ခုနှစ်တွင်    အမှန်ပင်ဝယ်ယူစီးနင်းနိုင်တော့ မည့် မော်တော် ကားပျံကို   နည်းပညာ စာမျက်နှာများ၊ ရုပ်သံမှတ်တမ်းများ တွင် မိတ်ဆက်ပြသမှုများကို  မြင်  တွေ့ရသည်။
အဆိုပါ  မော်တော်ကားပျံ တည်  ဆောက်ရေးလုပ်ငန်းမှ  အမှုဆောင် အရာရှိ  Carl Dietrich  က အဆိုပါ မော်တော် ကားပျံကို ဝယ်ယူစီးနင်းမည့် သူများအနေဖြင့် ၎င်းတို့လုပ်ငန်းမှ ကျွမ်းကျင်သူ Pilots များကိုယ်တိုင် လေ့ ကျင့်မောင်းနှင် သင်ကြားပေးသွားမည် ဖြစ်သည်ဟု  မီဒီယာများသို့    ပြောကြားသည်။ အဆိုပါကားပျံတွင်  မြေပြင်သွားလာရန် ဘီးလေး ဘီးပါရှိမည်ဖြစ်ပြီး ကောင်းကင်သို့ပျံတက်ရန် တောင်ပံနှစ်ဖက်နှင့်  တစ်ဖက်စီတွင် ရဟတ်ယာဉ် များကဲ့သို့   တွန်းကန် ပန်ကာနှစ်ခု ပါရှိမည်ဖြစ်သည်ဟုသိရ သည်။ ယင်းကားပျံတွင်  မြင်းကောင် ရေ ၃၀၀  ခန့်ရှိ  အင်ဂျင်စနစ်ပါဝင်မည် ဖြစ်ပြီး ကောင်းကင်တွင်  100-mph  နှုန်းနှင့် မြေပြင်ပေါ်တွင်  65-mph   နှုန်းဖြင့် သွားလာေ မာင်းနှ င်နိုင် မည်ဟု သိရသည်။



အဆိုပါကားပျံကို  Terrafugia TF-X ဟုအမည်ပေးထားပြီး အမေ ရိကန်ဒေါ်လာ ၂၈၀၀၀၀ တန်ဖိုးဖြင့် ၂၀၁၅ ခုနှစ်တွင်  ဝယ်ယူနိုင်တော့မည်ဟု သိရသည်။  စွမ်းအင်သုံးစွဲမှု သက်သာစေရန် Hybrid  စနစ် ထည့် သွင်းပေး ထားပြီး ကောင်းကင် တွင် ပေ၁၇၀၀ ခန့် ပျံသန်းနိုင်တော့မည်ဟု နည်းပညာစာမျက်နှာများတွင် တွေ့ရှိရသည်။ ယာဉ်ကြောပိတ်ဆို့မှုများ ကြောင့်လမ်းမများပေါ်တွင် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုမှ  ကင်းဝေးလိုသူများ အနေဖြင့် မြေပြင်ဝေဟင် နှစ်မျိုးသွား အဆိုပါမော်တော်ကားပျံ ကိုဝယ်ယူရန် ကြိုတင်မှာကြားမှုများ လည်းရှိနေသည်ဟု မီဒီယာစာမျက်နှာ များတွင် တွေ့ရှိရ သည်။

CD,DVD ခွေပေါ်မှာ ပုံရိုက်ချင်သူများအတွက် CD Label Designer 5.2.1 Build 587



CD Label Designer 5.2.1 Build 587 | 5.63 MB


ဒီဆော့ဝဲလေးက စီးပွားဖြစ်လုပ်ကိုင်နေသူများအတွက်အသုံးဝင်ပါတယ်


CD,DVD ခွေကို သီချင်း, movies ,software တွေကို ကူးတဲ့အခါမှာ

  သီချင်း ရုပ်ရှင်တွေရဲ့သက်ဆိုင်ရာ ပုံလေးတွေကို ခွေရဲ့ ကာဘာမှာ ထည့်သွင်းနိုင်ဖို့

ရေးရတဲ့ Label Designer ပါ။CD,DVD ခွေပေါ်မှာပုံထည့်မယ် ဆိုရင်တော့ Printer တလုံးတော့လိုမယ်

ကျနော်က ဆော့ဝဲပဲပေးတာနော်...ခ်ခ်ခ်။အောက်မှာယူလိုက်ပါ။အထဲမှ keygen ပါ ပါတယ် ခင်ဗျာ
အသေးစိတ်လေ့လာချင်ရင်တော့ အောက်မှာ မူရင်းလင့်လည်းထည့်ပေးထားပါတယ်


Thursday, 17 October 2013



Vertigo လို့ခေါ်တဲ့ မူးဝေခြင်းကို ခံစားရမယ်ဆိုရင် ခံရသူဟာ ပတ်ဝန်းကျင်ဟာ ချာချာလည်နေခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်းတွေကို ခံစားရပြီး အော့အန်ခြင်းတွေကိုပါ ရုတ်တရက်ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ နားရဲ့အတွင်းဖက်ပိုင်းက semi-circular လမ်းကြောင်းငယ် မှာ ပြဿနာရှိနေလို့ပဲ ဖြစ်ပါတယ်။

Tuesday, 15 October 2013

Skype မှာ မြန်မာဖောင့် ပေါ်ချင်တယ် ဆိုရင်



ကျွန်တော်လည်း တက်နိုင်သလောက်လေး တွေတော့ လုပ်ပေး သွားပါမယ် .. လူက အရမ်းကြီး မကောင်းချင် သေးတော့ အဆင်မပြေလို့ပါ .. ကွန်ပျူတာ ရှေ့မှာ အာရုံစိုက်တာ များလာရင် ခေါင်းက ထိုးထိုးနေလို့ တစ်ချို့ စာဖတ်ရမဲ့ အကြောင်းအရာ တွေ ရေးပေးရမဲ့ အကြောင်း အရာတွေဆို ဘာမှ Reply မပြန်နိုင်သေးတာ နားလည်း ပေးပါခင်ဗျာ .. အခု အကိုတစ်ယောက် မေးထားလို့ Skype မှာ မြန်မာ ဖောင့် သုံးလို့ရမဲ့ နည်းလေးကို ရေးပေးသွားပါမယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..



အရင်ဆုံး မိမိတို့ အသုံးပြုမဲ့ စကိုက်ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြာထားတဲ့ အတိုင်း Tools ကနေ Options ကိုသွားလိုက်ပါ .. 
 အောက်က အဆင့်ကို ရောက် ပြီးဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း Change font ကိုနှိပ်လိုက်ပါ ..
Ads not by this site

ပြီးရင်တော့ Font မှာ Zawgyi-One ပြောင်းပေး လိုက်ယုံပါပဲ .. ဒါဆိုရင် မြန်မာလို အဆင်ပြေသွားပါလိမ့်မယ် ..  တစ်ခု ရှိတာက ကိုယ်နဲ့ ပြောမဲ့ စကိုက်မှာလည်း မြန်မာလို ပေါ်ချင်တယ် ဆိုရင် အဲ့လို ချိန်းပေးဖို့ လိုပါလိမ့်မယ် .. 
Ads not by this site
                                            ဒီမှာဒေါင်းပါDownload
 အားလုံးပဲ အဆင်ပြေကြပါစေ ...ကျေးဇူးတင်ပါတယ်ခင်ဗျာ .. 

Thursday, 10 October 2013

အမျိုးသားတိုင်း ပြုလုပ်နိုင်သော ကျန်းမာရေး စစ်ဆေးနည်း ငါးမျိုး






အမျိုးသားအများစုက ကျန်းမာရေး မကောင်းတဲ့ လက္ခဏာတွေ ရှိနေပေမယ့် လျစ်လျူရှု ထားတတ်ကြပါတယ်။ နောက်ပိုင်း ရောဂါရင့်လာတဲ့ အခြေအနေကျမှ ကုသရ ခက်ခဲတာမျိုး ဖြစ်လာတတ်တာကြောင့် အခုကစပြီး မိမိဘာသာ အလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို သိရှိလိုက်နာသင့်ပါတယ်။

စစ်ဆေးပါ - ဆံပင်

ဆံပင်အကွက်လိုက် ကျွတ်နေလျှင်

ဆံပင်တွေက ဦးရေပြား တစ်နေရာတည်းကနေ အထွေးလိုက် ကျွတ်နေရင် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းတွေက သွေးဖြူဥတွေကို လှုံ့ဆော်တာကြောင့် ဆံခြည်မျှင် အိတ်တွေကို သွားရောက် ထိခိုက်စေကာ ဆံပင် အထွေးလိုက် ကျွတ်လာတာပါ။ ခေါင်းဖြီးရင်း၊ ခေါင်းလျှော်ရင်း ဆံပင်တွေက စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် အများကြီး ကျွတ်နေရင်တော့ သတိပြုသင့် နေပါပြီ။ နာတာရှည် စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါကနေ မှတ်ဉာဏ်ချို့တဲ့မှုအထိ ဖြစ်စေနိုင်ပါတယ်။

လိုက်နာပါ- စိတ်ဖိစီးမှုဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်မှုတွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ကြာရှည် စိတ်ဖိစီးမှု များတာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာနဲ့ တရားထိုင်တာတို့လို စိတ်ဖိစီးမှု ထိန်းချုပ်ရေး နည်းလမ်းတွေကို လိုက်နာပါ။ တကယ်လို့ ပူပင်သောက များနေပြီး ဆံပင်ကျွတ်နှုန်း များနေတယ်ဆိုရင် သံဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင် B12 တို့ပါတဲ့ အာဟာရတွေကို မှီဝဲပါ။ ဆယ်လ်မွန်ငါးနဲ့ ပန်းဂေါ်ဖီစိမ်းဟာ ဆံပင်သား ကျန်းမာရေးအတွက် အကောင်းဆုံး အစာတွေ ဖြစ်ပါတယ်။

စစ်ဆေးပါ - ရင်သား

ရင်သားတစ်ဖက်က ကြီးလာလျှင်

လိုက်နာပါ- အမျိုးသားတွေရဲ့ ရင်သား တစ်သျှူးက အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးလာရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အမျိုးသားတွေက တစ်နှစ်မှာ ရင်သားကင်ဆာ ဖြစ်သူ ၂၁၄၀ ဦးလောက်ရှိကြောင်း သိရပါတယ်။ အမျိုးသားတွေ အနေနဲ့ ရင်သားကင်ဆာ ကာကွယ်နိုင်ဖို့ မိမိဘာသာ စစ်ဆေးတဲ့နည်းကို သုံးသင့်ပါတယ်။ ရေချိုးတဲ့အခါ ရင်သားအရွယ်အစား ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးပါ။ ဥပမာ အလုံးအဖု ဖြစ်နေသလား၊ အရောင်ပြောင်းလဲ နေသလား၊ နို့သီးခေါင်း အရွယ်အစား ပြောင်းလဲ နေသလား ဆိုတာကို စစ်ဆေးဖို့ လိုပါတယ်။

လိုက်နာပါ- ရင်သားမှာ တစ်ခုခု ပြောင်းလဲနေတယ်လို့ ယူဆရင် ဆရာဝန်နဲ့ပြပါ။ အမျိုးသားတွေကလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုတာကို မေ့မထားပါနဲ့။ ရင်သားကင်ဆာ မျိုးရိုးရှိတဲ့ အမျိုးသား ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ရင်သားကင်ဆာ ဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။

စစ်ဆေးပါ - ဆီးသွားခြင်း

ဆီးသွားရ ခက်ခဲနေလျှင်

ဆီးသွားရခက်ခဲတာဟာ ဆီးကျိတ်ဂလင်း ကြီးတာကြောင့် ဖြစ်နိုင်သလို ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ဂလင်းက အမျိုးသား ဆီးပြွန်ချောင်းရဲ့ အပေါ်မှာ ရှိတာကြောင့် ဆီးကျိတ်ကြီးလာရင်၊ ရောင်လာရင် ဆီးသွားရ ခက်ခဲတတ်ပါတယ်။

လိုက်နာပါ- ဆီးကျိတ်စစ်ဆေးမှု ပြုလုပ်ဖို့ အချိန်တန်ပါပြီ။ အမျိုးသား ခြောက်ဦးအနက် တစ်ဦးဟာ ဆီးကျိတ်ကင်ဆာဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။ ရောဂါကို စောစောစစ်ဆေး တွေ့ရှိဖို့ အရေးကြီးပါတယ်။

စစ်ဆေးပါ - ခံတွင်း

ခံတွင်းထဲ မပျောက်နိုင်သော အနာဖြစ်နေလျှင် စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ခံတွင်းအနာလို့ မထင်ပါနဲ့။ သွားဖုံး၊ လျှာ၊ လည်ချောင်းနဲ့ နှုတ်ခမ်းပေါ်မှာ ပေါက်နေတဲ့ အနာက သူ့အလိုလို မပျောက်ရင် ကင်ဆာဖြစ်နိုင် ခြေရှိပါတယ်။ တစ်နှစ်မှာ ခံတွင်းကင်ဆာဖြစ်သူ လေးသောင်းကျော်အနက် အများစုက အမျိုးသားတွေ ဖြစ်ကြတယ်လို့ အမေရိကန် ကင်ဆာ အဖွဲ့အစည်းက ဆိုပါတယ်။

လိုက်နာပါ- ဆရာဝန် ဒါမှမဟုတ် သွားဆရာဝန်နဲ့ ပြသပြီး စစ်ဆေးပါ။ သံသယရှိဖွယ် တစ်စုံတစ်ရာ ပြောင်းလဲမှု ခံစားရရင် အထူးဆိုးဆေးသုံးပြီး စစ်ဆေးတာ ဒါမှမဟုတ် အသားစယူ စစ်ဆေးတာတို့ လုပ်ဆောင်ပေးပါလိမ့်မယ်။

စစ်ဆေးပါ - ခါး

ခါးအတိုင်းအတာ ၃၇ လက်မ ကျော်လျှင် ဒါဆိုရင် ခါးတုတ်နေပြီလို့ ယူဆနိုင်ပါတယ်။ ခါးအရွယ်အစား ကြီးမားပြီး ဗိုက်နာတာက ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတို့ကြောင့် ဖြစ်နိုင်ခြေ များပါတယ်။ အမျိုးသား သုံးယောက်မှာ တစ်ယောက်ကျော်ဟာ နှလုံးရောဂါ အမျိုးအစားတစ်မျိုး ရှိနေပြီး အသက် ၂၀ ကျော် အမျိုးသား ၁၁ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါ ရှိနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းက ကိုယ်အလေးချိန် များတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အခုကစပြီး ခါးကို သေချာ တိုင်းတာကြည့်လိုက်ပါ။

လိုက်နာပါ- ဗိုက်ပူနေရင် ခါးအရွယ် အစားလျှော့ချဖို့ အရေးကြီးပါတယ်။ ခါးအရွယ်အစားကို လျှော့ချနိုင်တာက နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တာပဲ ဖြစ်ပါ တယ်။ ဗိုက်ပူတာ လျော့ကျစေဖို့ အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပြီး လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်ခန့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါ တယ်။

အနားယူ အပန်းဖြေရန် နည်းလမ်း ၅ခု





စိတ်ညစ်တဲ့အခါ၊ အလုပ်ရှုပ်တဲ့အခါ အချို့သော လူများဟာ စိတ်ကိုယ် ပင်ပန်းမှုကို ဖြေဖျောက် စေဖို့ ဆေးဝါးတွေ အသုံးပြုကြပါတယ်။ ဥပမာ- အားဆေး၊ အိပ်ဆေး။

အမှန်တော့ ယင်းဟာ မှားယွင်းတဲ့အယူအဆ ဖြစ်ပြီး ကြာလာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလွယ်ဆုံး အပန်းဖြေနိုင်မယ့် နည်းလမ်း ၅ခုကို Hearcare ဝဘ်ဆိုဒ်မှ ယခုလို ဖော်ပြထားပါတယ်။



၁။ Autogenic relaxtion

Autogenic relaxtion ဆိုတာ စိတ် အပန်းဖြေမှုအတွက် အသားပေးပါတယ်။ Calming word ရွတ်ဆိုပေး ရမယ်လို့ ဆိုပါတယ်။ ဆိုလိုရင်းက စိတ်ငြိမ်စေအောင် စကားလုံးရိုးရိုးရှင်းရှင်း တစ်ခုခုကို ထပ်ခါထပ်ခါ တိုးတိုးဖွဖွ ရေရွတ်ဖို့ ဖြစ်ပါတယ်။ မြန်မာတွေမှာဆိုရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အစရှိသဖြင့် ရွတ်ဆိုနေတာမျိုး၊ ဘုရားစာ ဂါထာ တစ်ခုခု ရွတ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဘုရားစာမဟုတ်ပဲ သင်္ချာ ဂဏန်း အစဉ်တန်း တစ်ခုခုကို ရွတ်ဆိုနိုင်ပါတယ်။

၂။ Visualization

အမြင်အာရုံကို စိတ်ထဲကဟာကို မှတ်ယူကြည့်ရပါမယ်။ စိတ်ထဲမှာ အေးချမ်း တဲ့၊ စိတ်အေးချမ်းတဲ့ ပုံရိပ်တစ်ခုခု၊ ရှုခင်းတစ်ခုခုကို စွဲနေပြီး ယင်းပုံကို ပဲ တွေးနေရပါမယ်။ ခက်ခဲတယ်လို့ ယူဆသူတွေအတွက် ရှုခင်းလှလှပုံရိပ်တွေကို ကြည့်ရှုနိုင်ပါတယ်။

၃။ Progresive relaxtion

ဒါကတော့ ခန္ဓာကိုယ်ကြွက်သားတွေကို ပြေလျော့စေမယ့် နည်းလမ်း ဖြစ် ပါတယ်။ အဖုအထစ် မရှိတဲ့ ကြမ်းပြင်မှာ လဲလျောင်းပြီးတော့ ခေါင်း ကနေ ခြေဖျားထိပ်အထိ အကြောဆန့်ရန် ဖြစ်ပါတယ်။ ခြေလက်တို့ကို အတတ်နိုင်ဆုံး ဆန့်တန်းရပါမယ်။ လိုတာထက် ပိုလည်း အားမသုံးရပါဘူး။ ဒါက ကြွက်သားတွေကို ပိုနာကျင် စေပါတယ်။ ခေါင်းကနေ ခြေ ကို ၅ စက္ကန့် ဆန့်ပြီး စက္ကန့် ၃၀ ပြန်လည် အနားယူပါမယ်။ ယင်းလုပ်ဆောင်ချက် ကို ကြွက်သားတွေ တင်းမနေတော့ဘူးလို့ ယူဆရတဲ့အထိ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

၎။ Breathing Break

လေရှုလေထုတ် လေ့ကျင့်ခန်းကတော့ အလွယ်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ သက်တောင့်သက်သာ ထိုင်နိုင်မယ့် ထိုင်ခုံမှာ ထိုင်ပြီးတော့ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ လေကို ခပ်ပြင်းပြင် ရှူသွင်း၊ ခပ်ပြင်းပြင် မှုတ်ထုတ် ပေးရ ပါမယ်။ ခပ်ပြင်းပြင်းဆိုတာ အသက် ရှုကြပ်လောက်တဲ့ထိကို မဆိုလိုပါ။

၅။ Exercise

နောက်ဆုံးတစ်ခုအနေနဲ့ Exercise ဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းစေဖို့ အကောင်းဆုံး နည်းလမ်းပြီး သာမန် လုပ်နေရိုးရှိ တဲ့ လေ့ကျင့်ခန်းတစ်ခုခုကို လုပ်နိုင်ပါတယ်။

အထက်ပါ လုပ်ဆောင်ချက်အားလုံးကို တစ်ကြိမ်တည်းပြုလုပ်နိုင်ပါတယ်။ သို့သော် အားလုံးကို တစ်ပြိုင်နက်တည်းသာ လုပ်ဆောင်ရမယ်လို့လည်း မဆိုပါ။ အဆင်ပြေရင်ပြေသလို၊ နေရာဒေသ အခြေအနေလိုက် လွယ်ကူတဲ့ နည်းလမ်းတစ်ခုခုကို ပြုလုပ်နိုင်ပါတယ်။

မူးဝေခြင်းအတွက်အိမ်တွင်လွယ်ကူလျှင်မြန်စွာသက်သာစေသောနည်းလမ်းများ





Vertigo လို့ခေါ်တဲ့ မူးဝေခြင်းကို ခံစားရမယ်ဆိုရင် ခံရသူဟာ ပတ်ဝန်းကျင်ဟာ ချာချာလည်နေခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်းတွေကို ခံစားရပြီး အော့အန်ခြင်းတွေကိုပါ ရုတ်တရက်ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ နားရဲ့အတွင်းဖက်ပိုင်းက semi-circular လမ်းကြောင်းငယ် မှာ ပြဿနာရှိနေလို့ပဲ ဖြစ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်းများ

- အတွင်းနားမှာ လွင့်မျောနေသည့် ကယ်လစီယမ်ကာဘွန်နိတ်ပုံဆောင်ခဲငယ်များပိတ်ဆို့နေခြင်း
- နားတွင်းပိုးဝင်မှု ဖြစ်ပွားခြင်း
- အမြင်အာရုံထိခိုက်ခြင်း
- ခေါင်းထိခိုက်ခြင်း
- ဦးနှောက်အကျိတ်များ
- သွေးအားနည်းခြင်း၊ ဦးနှောက်သို့ သွေးလှည့်ပတ်မှု မလုံလောက်ခြင်း
- သွေးတိုးခြင်း၊ ကိုလက်စတီရောများ ခြင်း၊ ဆီးချိုသွေးချိုရောဂါ
-ရေဓာတ်နည်းပါးခြင်း၊ လေဖြတ်ခြင်း စသဖြင့် အကြောင်းအရာပေါင်းများစွာရဲ့နောက်ဆက်တွဲပြဿနာအနေ နဲ့မူးဝေခြင်းကရှိနေပါတယ်။

နည်းလမ်းများ

Tip1-

ဇီးဖြူသီးအမှုန့် လက်ဖက် ဇွန်း သုံးဇွန်းကို ရေနဲ့ရောပါ။အဲဒီ နောက်နံနံစေ့မှုန့်တစ်ဇွန်း ထပ်ပေါင်း ပါ။ သကြားဇွန်းဝက်ခန့် ထည့်ပြီး ညစဉ်ဖျော်သောက်ပေးပါ။

Tip2-

ကိုယ်ခန္ဓာကို ဖြေလျော့ထား ပါ။ ပြီးရင်အိပ်ပျော်အောင် ကြိုးစားပါ။ အိပ်မပျော်ခြင်း၊ အိပ်ချိန် နည်းပါးခြင်းဟာခေါင်းမူးခြင်း၊ ခေါင်း အုံခြင်းတွေနဲ့ပျို့အန်ခြင်းတွေကို ဖြစ် စေပါတယ်။

Tip3-

သစ်သီးလတ်လတ်ဆတ်ဆတ် ကို ကြိတ်ချထားတဲ့ သောက်စရာတွေကို သောက်သုံးပေးရင် ရေဓာတ်ဆုံးရှုံးလို့ဖြစ်တဲ့ ခေါင်းမူးခြင်းကို သက်သာစေပါတယ်။ွှ

Tip4-

အမြန်စာ (fast food)၊ အလွယ်စာတွေကို စားခြင်းကို ရှောင်ပါ။ အိပ်ယာထဲမှာ တစ်ဖက်ပဲစောင်း ပြီး အိပ်ခြင်းဟာ ဟန်ချက်ကို ထိန်းနိုင်ခြင်းကို လျော့ပါးစေပြီး ခေါင်းမူး စေနိုင်ပါတယ်။

Tip5

-စတော်ဘယ်ရီသီးများကို ကြိတ်ချေပါ။ ပြီးရင် ဒိန်ချဉ်နဲ့ရောပါ။ နေ့စဉ် သောက်ပေးရင် ခေါင်းမူးခြင်းကို သက်သာစေပါတယ်။

Tip6 -

ချင်း(ဂျင်း) လက်တစ်ဆစ်ခန့် ကို လက်ဖက်ရည်ကြမ်းထဲမှာ ထည့် ပြီးသောက်ပေးပါ။ မသောက်လိုရင် ၀ါးစားပေးပါ။ ဒါဆိုရင် သွေးပေါင်ချိန် တက်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်လိုခြင်းကို သက်သာစေပါတယ်။

Tip7-

မက်မန်းသီး (almonds) အနည်းငယ်ကို ကြိတ်ချေပြီး နို့ပူပူ တစ်ခွက်နဲ့ ရောပါ။ သောက်သုံးပေး ရင်စွမ်းအင်ပြည့်ဝစေတဲ့အပြင် ခေါင်းမူးခြင်းကိုလည်း သက်သာစေပါတယ်။

Tip8-

ပျို့အန်ပြီး ခေါင်းမူးတာမျိုးဆိုရင်တော့ ဆားအနည်းငယ်၊ ငရုတ် ကောင်းစေ့အနည်းငယ်ကို လိမ္မော်ဖျော်ရည်တစ်ဖန်ခွက်နဲ့ရောသောက် ပါ။ ပျို့အန်တာတွေ လုံးဝသက်သာ သွားပါလိမ့်မယ်။

အမျိုးသားများအတွက် သန္ဓေအောင်စေနိုင်သော အထူးအစားအစာများ


 
(၁) လတ်ဆတ်သော သစ်သီးများ
ယင်းသစ်သီးများထဲတွင် ဗီတာ မင်စီပမာဏများစွာပါဝင်ပြီး ၄င်းက သုက်ပိုးများတစ်ကောင်နှင့် တစ် ကောင် ပူးကပ်ခြင်းမှကာကွယ်ပေး ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှား နိုင်ရန် အကူအညီပေးနိုင်သည်။ ဒါ့အပြင် ၄င်းက သုက်ပိုးများကို ပုံပျက်ပန်းပျက်ဖြစ်ခြင်းက ကာကွယ် ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ကီဝီ၊ သရက်၊ စတော်ဘယ်ရီ၊ ဂရိတ် ဖရုစတဲ့ အသီးတွေကို စားပေးသင့် ပါတယ်။

(၂) ဘရာဇီး အခွံမာသီးများ
ယင်းအသီးများက သုက်ပိုးအ ရေအတွက်ကိုများစေပြီး၊ ဆယ်လီနီ ယမ်များစွာပါဝင်သည့်အတွက် သုက် ပိုးများကို တက်ကြွစွာလှုပ်ရှားစေနိုင် ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲရှိ ကျားဟော်မုန်းကိုလည်း ပိုမိုထွက်စေ ပြီး၊ စွမ်းဆောင်ရည်ကိုလည်းမြင့် တက်စေနိုင်ပါတယ်။

(၃) ကြက်သွန်ဖြူ

(၄) အဆီများသောငါးများ
ဆယ်လ်မွန်၊ဆာဒင်းကဲ့သို့သော အဆီများသည့် ငါးများတွင် မရှိမဖြစ် လိုအပ်သော အဆီဓာတ်များပါဝင်ပြီး ယင်းတို့က မျိုးပွားအင်္ဂါအဖွဲ့အစည်း တစ်ဝိုက်တွင် သွေးလှည့်ပတ်မှုပိုမို ကောင်းစေပြီး သုက်ပိုးအရည် အသွေးကိုလည်း မြင့်တက်စေပါ တယ်။

(၅) ငရုတ်သီး
ငရုတ်သီးစပ်စပ်များကတော့ သန္ဓေအောင်စေမယ့် အဓိက အင်္ဂါ တစ်လျောက်သွေးလှည့်ပတ်မှုကိုပို မိုမြန်စေပြီး စွမ်းဆောင်ရည်ပို ကောင်းစေနိုင်ပါတယ်။
ဒါကြောင့် သားသမီးရရှိဖို့ ဘုရားမှာ ဆုတောင်းမည့်အစား သင့်ရဲ့ အာဟာရလိုအပ်ချက်တွေကို ပြောင်းလဲပြီး သားသမီးရဖို့ ကြိုးစား တာ ပိုသင့်လျော်ပါလိမ့်မယ်။

အလွန်ကြောက်စရာကောင်းသည့် ခြင်ဆေးခွေအန္ထရာယ်

ခင်ဆေးခွေသည် နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်း ကင်ဆာများဖြစ်ပွားစေနိုင်သည်။ ခြင်ဆေးခွေတွင် ဓါတုပိုးသတ်ဆေးများ၌ အပြင်းထန်ဆုံး သတ်မှတ်ထားသော S.2ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်ဆိုးဆေးနှင့် ဓါတုအမွှေးအကြိုင်တို့ ပါဝင်သည်။ အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene(ဘန်ဇိုင်း)
ကာစိဒိုဂျင်တစ်မျိုးလည်း ပါဝင်ပြီး အာရုဏ်ကြောမှစ၍ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေနိုင်သည်။ ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓါတ်သည် စီးကရက်ပေါင်း၅၁လိပ်ဖွာရှိုက်သည်နှင့် ညီမျှသည်။ ခြင်ဆေးခွေ တစ်ခွေမှ

ထွက်လာသော အဆိပ်ဓါတ်သည် စီးကရက်အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်သော အဆိပ်မှုန့်အမာဏနှင့် ညီမျှသည်။

 
 
                                                               

Software မလိုပဲ Youtube မှ Video များ Download ချနည်း





                     မင်္ဂလာပါဗျာ ဒီနေ့တော့ YouTube ချစ်သူတွေ

              အတွက် သတင်းကောင်းလေးပါ

              Software တွေ မလိုပဲ YouTube Video ဖိုင်တွေကို

              ဒေါင်းလင့် အလွယ်တကူချနိုင်ပြီး

              စိတ်ဝင်စားရင်တော့ အောက်က ပုံအတိုင်း

              လိုက်လုပ်ကြည့်ပါဗျာ အားလုံး OK တယ်

                                             

                                         ပုံ(၁) တွင် ပြထားသည့် အတိုင်း

                                         မိမိ ဒေါင်းလင့် ပြုလုပ်ချင်သည့် Video ကို

                                        ဖွင့် လိုက်ပါ အပေါ်ဘားတန်းက

                                       လင့်နေရာက www. နေရာမှာ

                                       ss နှစ်လုံးကို အစားထိုးလိုက်ယုံပဲ     ဒီနေရာမှာ http://ssyoutube.com/watch?v=FnGq6HPJ388 လို့ ပြောင်းပေးလိုက်ပေါ့ ပြီးရင် ကီးဘုတ်မှာ                                                                                enter ကို ခေါက်လိုက်ပါ ဒါဆိုရင် အောက်က     

                                              ပုံအတိုင်း ပေါ်လာလိမ့်မယ်

 

                                    ပုံ(၂) တွင် ပြထားသည့် အတိုင်း

                        မိမိစိတ်ကြိုက် Format ရွေးပြီး

                        ဒေါင်းလို့ရပါပြီး ကျွန်တော်က MP4 360p ကို

                        ရွေးချယ်နှိပ်ပြီး ဒေါင်းလိုက်ပါတယ်

                        ဒါဆိုရင် Download လင့် ကျပြီးပေါ့

မှတ်ချက်။         ။www. သုံးလုံးနေရာမှာ ss ကို အစားထိုးသည့် အခါ www သုံးလုံး အရှေ့က အစက်လေးပါ ဖြုတ်ပေးရမယ် ဖြစ်ပါတယ်
                  
                                                                            

                              

Wednesday, 9 October 2013

ကွန်ပျူတာ အဖွင့်..အပိတ်... မြန်ဆန်စေဖို့ နည်းလမ်း


  မင်္ဂလာပါနော် သည်တစ်ခါ ရေးမဲ့နည်းပညာလေးကတော့ မထင်မှတ်တဲ့ နည်းလေးလည်းဖြစ်နိုင်ပါတယ်..
ဆရာ့ ဆရာကြီးတွေအတွ က်တော့ ရီစရာ ဖြစ်ခြင်ဖြစ်နေပေမယ့် ကွန်ပျူတာ ကိုင်စ ၀ါသနာရှင် မိတ်ဆွေ များအတွက်တော့ နည်းလမ်း တစ်ခုလို့ ဆိုရပါမယ်... ဒါကတော့ မိမိတို့ကွန်ပျူတာ အတက်...အပိတ်
အရမ်းလေးလံနေတယ်ဆိုတဲ့ သူတွေအတွက် နည်းလမ်းများစွာထဲက နည်းလမ်းလေးတစ်ခုကို ကျနော်

ရေးသားမှာ ဖြစ်ပါတယ်.. 


    ကျွန်တော် ကိုယ်တိုင်လည်း ကွန်ပျူတာ အခြေခံနည်းပညာတွေကို အရမ်းအားနည်းသူတစ်ယောက်ဖြစ်တဲ့အတွက် ခုလို အောက်ခြေ နည်းလမ်းလေးတွေကနေ စပြီး မတောက်တခေါက် သိတာ တတ်တာလေးကို ပြန်လည် ဆင့်ပွါးမျှဝေလိုက်ခြင်းဖြစ်ပါတယ်... ကွန်ပျူတာ ဆားဗစ်ဆရာတွေကတော့ ကျော်ခွ ဖြတ်သွားလိုက်ပါနော်..ကဲ ပုံလေးတွေနဲ့ စိတ်ရှည်စွာ ရှင်းပြပါ့မယ်..

အဆင့် (၁)...........မိမိတို့ ကွန်ပျူတာ start ကနေ search box မှာ
view advance systemဆိုတဲ့စာသားလေးကို ရေးလိုက်ပါ....အောက်ကပုံလေးအတိုင်း လိုက်လုပ်ကြည့်နော်....

                                                                   
                                                                                 

ုံမှာ ပြထားတဲ့  နံပါတ် စဉ်တိုင်းကလစ်သွားလိုက်ပါနော်... အရမ်းလွယ်ကူပါတယ်.... နံပါတ် (၅) မှာဘဲ
စက္ကန့်  ဆိုတာကို  1 second လို့ပေးလိုက်ယုံပါဘဲနော်...ပြီးတာနဲ့ အောက်က Ok ပေါ့...။

အဆင့်    (၂)    .............. ကတော့ အပေါ်ကလိုပါဘဲ start search box ကနေပါဘဲ  regedit  ဆိုတာလေးကို ရေးထည့် ရှာလိုက်ပါ အောက်မှာ သူနဲ့ပါတ်သက်တဲ့ပုံကိုပြထားပါတယ်......
    

                                                                                  
            

                                                                 
သူ့ကိုလည်းပုံမှာ ပြထားသလို နံပါတ် စဉ်တိုင်း ကလစ်ပေးသွာလိုက်ပါနော်...

regedit  ကိုကလစ်တာနဲ့  ဘောက်လေးကျလာမှဖြစ်ပါတယ်.... အဲမှာဘဲ  နံပါတ်စဉ်.... 3,4,5,6, တိုင်းကလစ်ပေးလိုက်တာနဲ့  ဘေးမှာ ရှိတဲ့ စာတန်းတွေထဲက နံပါတ်  7 မှာပြထားတဲ့ စာတန်းကို  နှစ်ချက် ကလစ်ပေးလိုက်ပါ... ဒါဆို ဘောက်သေးသေးလေးတစ်ခုကျလာပါမယ်.... ကျလာတဲ့ ဘောက်ထဲမှာ နံပါတ် 12000 လို့ပါလိမ့်မယ်....ဘယ်နံပါတ်ဘဲ ပါခဲ့ပါစေ အဲနေရာကို.. 1000 လို့ ပြောင်းထည့်ပေးပြီး   Ok ပေးလိုက်ပါတော့...ဒါဆိုရင် သင့်ရဲ့ လုပ်ဆောင်ချက် ပြီးခဲ့ပါပြီ...
သင့်ရဲ့ ကွန်ပျူတာ အတက်  အပိတ်  အရင်ကထက်တော့ မြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်...နော် အဆင်ပြေပါစေ...                                                                    
                                        Like အားပေးခဲ့ဦးနော်မမေ့နဲ                                                                                   
                                                                                                                                                             

Windows ထဲမှာပါတဲ့ Disk Cleanup ဖြင့် အမှိုက်များရှင်းနည်း




ကွန်ပျူတာတလုံးကို သန့်ရှင်းရေးလုပ်တဲ့ အခါမှာ ဒီ Disk Cleanup Tool လေးကိုလည်း မသုံးလို့ မဖြစ်ပါဘူး..။ ဒီကောင်လေးက စက်ထဲမှာရှိတဲ့ အမှိုက်တွေနဲ့ ဖရီးစပေ့(Free Space)တွေကို ရှင်းလင်းပေးတဲ့ နေရာမှာ ထိရောက်လှပါတယ်..။ အသုံးပြုနည်းကလည်း သိပ်မခက်ပါဘူ..။ ဒီ Tool လေးကို အရင်ဆုံး မိမိတို့ရဲ့ Desktop မှာ ရှော့ကပ်ပုံလေးအရင်ပေါ်အောင် လုပ်လိုက်ပါ..။ တခါဖွင့်ရုံနဲ့ မပြီးပါဘူး..။ နောက်တခါထပ်ဖွင့်ရမှာ မို့ပါ..။ ပုံမှာပြထားပါတယ်..။


Desktop မှာရောက်လာပြီဆိုရင် Disk Cleanup ပုံလေးကို နှစ်ချက်တောက်ပြီး ဖွင့်လိုက်ပါ..။ ပေါ်လာတဲ့ ဘောက်စ်ထဲတွင် အမှန်ခြစ်များကို တန်ဖိုးဂဏန်းရှိတဲ့ နေရာတွေမှာ တပ်ပေးပါ..။ သုည ပြထားတဲ့နေရာတွေမှာ အမှန်ခြစ်တပ်ဖို့ မလိုပါဘူး..။ အသုံးပြုနည်းလေးကို အောက်ကပုံလေးတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..
ဘယ် Tool ကိုပဲဖြစ်ဖြစ် Desktop မှာထုတ်ချင်ရင် ဒီအောက်ကပုံအတိုင်းပဲ
ထုတ်ပါတယ်..။ နံပါတ်စဉ်တိုင်း လိုက်လုပ်ပေးပါ..။









တကယ်လို့ အပေါ်ပုံမှာလို 3.00 MB စာသားမျိုးပါလာခဲ့ရင် OK နှိပ်ပြီး ထပ်ဖျက်ပေးလိုက်ပါ..။ အောက်ကလိုမျိုး ဘောက်စ်ပေါ်လာရင်တော့ Delete Files ကိုကလစ်လိုက်ပါ..။


အားလုံးပဲ အဆင်ပြေကြပါစေဗျာ...

Like အားပေးခဲ့ဦးနော်မမေ့နဲ့ 